BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်မှုထမ်း ဥပဒေကို မင်းအောင်လှိုင်...
      သတင်းအတု

      စစ်မှုထမ်း ဥပဒေကို မင်းအောင်လှိုင် ကိုယ်တိုင် ဖျက်သိမ်းတယ်ဆိုတဲ့ သတင်းအတု

      စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  25 May 2024 9:48 PM IST
    • စစ်မှုထမ်း ဥပဒေကို မင်းအောင်လှိုင် ကိုယ်တိုင် ဖျက်သိမ်းတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၂၂ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၄ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

      ၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ ၎င်းနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေ တွဲရိုက်ထားတဲ့ ဓါတ်ပုံရယ် လူသစ်စုဆောင်းခံထားရသူတွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “UN တပ်ချုပ်နဲ့ အာဆီယံ ဥက္ကဌ ရောက်လာပြီ။ စစ်မှုထမ်း ဥပဒေကို ရပ်ဆိုင်းဖို့ ဖိအားပေးလို့ မင်းအောင်လှိုင်ကိုယ်တိုင် ဖျက်သိမ်း” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်မှုထမ်း ဥပဒေကို ဖျက်သိမ်းဖို့ UN နဲ့ အာဆီယံခေါင်းဆောင်တွေက ဖိအားပေးလို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတိုင်းမှာ အထိနာနေပြီး အင်အားချနဲ့ လာနေပါတယ်။ ဒီလိုအင်အားနည်းလာပြီးနောက် စစ်မှုထမ်း ဥပဒေကို အတင်းအကြပ် ပြဌာန်းကာ လူသစ် စုဆောင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒီ ဥပဒေကို ရပ်ဆိုင်းဖို့ တောင်းဆိုမှုတစ်ချို့ ရှိပေမယ့် ဖျက်သိမ်းခြင်း လုံးဝ မရှိပါဘူး။ အခုချိန်ထိ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်တာတွေပါ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

      ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryCoupMin Aung Hlaingabolishedmilitary service lawသတင်းအတုစစ်ကောင်စီစစ်မှုထမ်း ဥပဒေ
      Read Full Article
      Claim :   စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖျက်သိမ်း
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!