BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နစကကို ဖျက်သိမ်းကြောင်း...
သတင်းအတု

နစကကို ဖျက်သိမ်းကြောင်း မင်းအောင်လှိုင်ကြေညာတယ်ဆိုတဲ့ သတင်းအတု

နစက ကို ပြန်လည်ဖျက်သိမ်းကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  18 Aug 2023 4:13 PM IST
  • နစကကို ဖျက်သိမ်းကြောင်း မင်းအောင်လှိုင်ကြေညာတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တစ်ချို့က အချို့ပါ link ကို ထပ်ဆင့်မျှဝေထားကြပါတယ်။ ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မိန်းခွန်းပြောနေတဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “7,8,2023 နကစကို ဖျက်သိမ်းကြောင်း မင်းအောင်လှိုင်ကြေညာပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို ဖြန့်ဝေရာမှာလည်း အဆိုပါ ခေါင်းစဉ်အတိုင်း ထပ်မံရေးသား ဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    နကစ ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    နကစ ကို ဖျက်သိမ်းခြင်းမရှိပါဘူး။ စစ်ကောင်စီက နကစ ကိုတည်မြဲဖို့ ဆက်လက်ကြိုးစားနေဆဲသာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအကြောင်းအရာကို စစ်ကောင်စီခေါင်းဆောင်သာမက မည်သည့်အဖွဲ့အစည်း မည်သည့်သတင်းဌာနကမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်သူတွေက Video ရဲ့ ခေါင်းစဉ်မှာ နကစကို ဖျက်သိမ်းကြောင်း ကြေညာတယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ တစ်ခြားသတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။ နကစ ဖျက်သိမ်းတဲ့ အကြောင်းအရာ တစ်စုံတစ်ခုတောင် မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupState Administration Councilနစကသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   နကစကို ဖျက်သိမ်းကြောင်း မင်းအောင်လှိုင်ကြေညာပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!