BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆရာ၊ ဆရာမတွေ စစ်မှုထမ်းရမယ်လို့...
သတင်းအတု

ဆရာ၊ ဆရာမတွေ စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီက ကြေညာတယ်ဆိုတာ မဟုတ်ပါ

တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေပိတ်ပြီး ဆရာ၊ ဆရာမတွေ စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီခေါင်းဆောင်က ကြေညာထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  18 Feb 2023 9:29 AM IST
  • ဆရာ၊ ဆရာမတွေ စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီက ကြေညာတယ်ဆိုတာ မဟုတ်ပါ

    အဆိုပါ သတင်းအတုကို V-Share ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၅ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး “တစ်နိုင်ငံလုံး ကျောင်းများပိတ်ပြီး ဆရာ/ ဆရာမများ စစ်မှုထမ်းရမည်။ အမိန့်ကြေညာပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာတော့ “ကျောင်းအားလုံး ပိတ်ရန် မအလ အမိန့်ထုတ်ပြီ။ ၈ ရက်နေ့ အရေးပေါ်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှု့ထားသူ ထောင်ကျော်ရှိကာ တစ်ခြား ဖေ့စ်ဘွတ်ပေ့ချ်တစ်ချို့ကလည်း ဖော်ပြထားပါတယ်။

    သတင်းဆန်းစစ်ချက်

    တစ်နိုင်ငံလုံးက ကျောင်းတွေပိတ်ပြီး ဆရာ၊ ဆရာမတွေကို စစ်မှုထမ်းခိုင်းမယ်လို့ စစ်ကောင်စီက ကြေညာထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်ခေါင်းဆောင်က မကြာသေးခင်ကထုတ်ပြန်ပြောဆိုထားတဲ့ စစ်မှုမထမ်းနေရဥပဒေနဲ့ပတ်သက်လို့ စကားဦးသန်းတဲ့ သတင်းပေါ်မှာမူတည်ပြီး ပုံဖျက်ဖြန့်ဝေထားတဲ့အကြောင်းအရာသာဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်ဟာ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖေဓ၀ဝါရီလ ၂ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာထုတ်ပြောထားခဲ့တာဖြစ်ပေမယ့် ကျောင်းတွေပိတ်ဖို့နဲ့ ဆရာ၊ဆရာမတွေကို စစ်မှုထမ်းရမယ်ဆိုပြီးပြောဆိုထုတ်ပြန်ထားတဲ့အချက်အလက်တွေ မပါဝင်ပါဘူး။ မူရင်း သတင်းတွေကိုတော့ ဒီနေရာ နဲ့ ဒီနေရာတွေမှာကြည့်ပါ။

    ဒီသတင်းပေါ်မှာအခြေခံပြီး သတင်းအမှားဖြန့်သူတွေဟာ ၎င်းတို့ Video ကို ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ နောက်ခံဓါတ်ပုံတွေမှာ ပုံစံပြောင်းပြီးဖြန့်ဝေထားတာဖြစ်ပါတယ်။

    Video အတွင်းမှာလည်း ကျောင်းတွေ ပိတ်ခိုင်းတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ Video ထဲမှာ စစ်ကောင်စီက Non CDM ဝန်ထမ်းတွေကို ဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်မှာ ပစ်ခတ်မှုဆိုင်ရာတွေ သင်နေတဲ့ ဆိုတဲ့ အကြောင်းကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လုပ်ကြံရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsCDMNon-CDMMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေပိတ်ပြီး ဆရာ၊ ဆရာမတွေ စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီခေါင်းဆောင်က ကြေညာ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!