BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး...
သတင်းအတု

စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ချင်းတပ်မတော် ပစ်ချလိုက်ပြီဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ချင်းတပ်မတော်က ပစ်ချလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  31 Jan 2023 12:05 PM IST
  • စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ချင်းတပ်မတော် ပစ်ချလိုက်ပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို The News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ လက်နက်တွေ လေယာဉ်ပျံတွေ ပါဝင်တဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “စစ်ကောင်စီ ရဟတ်ယာဉ် ချင်းတပ်မတော် ပစ်ချပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ “အထူးသတင်း ပစ်ချလိုက်ပြီ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို like လုပ်ထားသူ ၆၀၀ ကျော်ရှိပြီး ဝင်ရောက် ကြည့်ရှု့ထားသူ ၁၉၀၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ချင်းတပ်မတော်က ပစ်ချလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တွေ စစ်လေယာဉ်တွေကို မည်သည့်အဖွဲ့ကမှ ပစ်ချခဲ့ခြင်း မရှိသလို ချင်းတပ်မတော်ကလည်း ပစ်ချထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်တဲ့အဖွဲ့ကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

    သတင်းအမှား Video ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် တစ်စီး ပစ်ချခံရတယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာမပါဝင်ပါဘူး။ Video အတွင်းမှာတော့ တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ စစ်ရေးသတင်းကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေ နောက်ခံ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupClickbaitsစစ်ကောင်စီအာဏာသိမ်းသတင်းအတု
    Read Full Article
    Claim :   စစ်ကောင်စီ ရဟတ်ယာဉ် ချင်းတပ်မတော် ပစ်ချပြီ
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!