BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ချင်းရွှေဟော်ကို ဗုံးလာကြဲတဲ့...
      သတင်းအတု

      ချင်းရွှေဟော်ကို ဗုံးလာကြဲတဲ့ ရဟက်ယာဉ်တစ်စင်း ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု

      ချင်းရွှေဟော်ကို ဗုံးလာကြဲတဲ့ ရဟက်ယာဉ်တစ်စီးကို MNDAA နဲ့ AA တပ်တွေက ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  28 Oct 2023 8:38 PM IST
    • ချင်းရွှေဟော်ကို ဗုံးလာကြဲတဲ့ ရဟက်ယာဉ်တစ်စင်း ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ရဟက်ယာဉ်တစ်စီးရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၇ ရက်နေ့ အရေးပေါ်သတင်း၊ သိမ်းပိုက်ခံရတဲ့ ချင်းရွှေဟော်ကို ဗုံးလာကြဲတဲ့ မအလ ပုဇင်း(၁)ကောင် MNDAA နဲ့ AA ပစ်ချလိုက်ပြီဟေ့။ ရန်ကုန်ခေတ်သစ် အတည်ပြုကြေညာပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၇၅၀၀၀ ကျော် ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      ချင်းရွှေဟော်ကို ဗုံးလာကြဲတဲ့ ရဟက်ယာဉ်တစ်စီးကို MNDAA နဲ့ AA တပ်တွေက ပစ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      အောက်တိုဘာလ ၂၇ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေက စစ်ဆင်ရေး ၁၀၂၇ ဆိုပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်ကာ ချင်းရွှေဟော်ကိုပါ ထိန်းချုပ်ထားနိုင်ပြီး တပ်စခန်းအများစူကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လုပ်နေပေမယ့် ချင်းရွှေဟော်မှာ စစ်ကောင်စီရဲ့ ရဟက်ယာဉ် ပစ်ချခံရတဲ့ ဖြစ်စဉ် မရှိသေးပါဘူး။

      ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryhelicopterdropped bombsChin Shwe Haoshot downချင်းရွှေဟော်မြောက်ပိုင်းမဟာမိတ်MNDAAကိုးကန့်တပ်AAစစ်ကောင်စီရဟက်ယာဉ်သတင်းအတု
      Read Full Article
      Claim :   ချင်းရွှေဟော်ကို ဗုံးလာကြဲတဲ့ ရဟက်ယာဉ်တစ်စီးကို MNDAA နဲ့ AA တပ်တွေက ပစ်ချ
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!