BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီ...
သတင်းအတု

မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီ တိုက်လေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု

မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီး ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 May 2023 1:20 PM IST
  • မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီ တိုက်လေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Bestss Video ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၂၇ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂၅ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ သတင်းကြေညာနေသူတစ်ဦးရယ် လက်နက်ကြီးကိုင်ဆောင်ထားသူ ၂ ဦးရယ် မီးလောင်နေတဲ့ ရဟက်ယာဉ်တစ်စီးရဲ့ ပုံတွေကို တစ်ပေါင်းတည်း ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၇ ရက် မိုးဗြဲတိုက်ပွဲမှာ တိုက်လေယာဉ် ပစ်ချခံရ။ ဗိုလ်ချုပ်ဇော်မဲလုံး အတည်ပြုပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို Like လုပ်ထားသူနဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိကာ YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီ တိုက်လေယာဉ် တစ်စီးပစ်ချခံရကြောင်း စစ်ကောင်စီပြန်ကြားရေးက အတည်ပြုထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ရှမ်းပြည်နယ် မိုးဗြဲမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက မေလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိရရှိခဲ့ပါတယ်။

    ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ လေယာဉ်တွေ ပစ်ချခံရခြင်း မရှိပါဘူး။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ကလေးငယ်တွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုသာ ဖြစ်ခဲ့ပြီး စစ်ကောင်စီပြန်ကြားရေးက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ VOA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    VOA သတင်းဌာနက ဖော်ပြထားတဲ့ မိုးဗြဲဒေသ တိုက်ပွဲသတင်းကို ဒီနေရာမှာ ဖတ်ပါ။

    ဒါ့အပြင် ၎င်းတို့ ဖြန့်ဝေထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupJet Fightershot downClickbaitsPDFသတင်းအတုစစ်ကောင်စီအာဏာသိမ်းတိုက်လေယာဉ်ပစ်ချခံရ
    Read Full Article
    Claim :   မိုးဗြဲတိုက်ပွဲမှာ တိုက်လေယာဉ် ပစ်ချခံရ။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!