BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA က ပစ်ခတ်လို့ စစ်ကောင်စီရဲ့...
သတင်းအတု

AA က ပစ်ခတ်လို့ စစ်ကောင်စီရဲ့ စစ်သင်္ဘော တစ်စီးနစ်မြုပ်ပြီး ၃၀၀ ကျော်သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေရဲ့ သင်္ဘော ၂ စီးကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်လို့ တစ်စီးနှစ်မြုပ်ပြီး စစ်ကောင်စီတပ်သား ၃၂၀ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  20 Oct 2022 3:29 PM IST
  • AA က ပစ်ခတ်လို့ စစ်ကောင်စီရဲ့ စစ်သင်္ဘော တစ်စီးနစ်မြုပ်ပြီး ၃၀၀ ကျော်သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Today Entent ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်ပြုလုပ်ပြီး သတင်းပုံစံ ဖန်တီးထားတာ ဖြစ်ပါတယ်။ Video ကိုပြုလုပ်ရာမှာ AA စစ်ဦးစီးချုပ်ပါဝင်တဲ့ ဓါတ်ပုံရယ် သင်္ဘော ၂ စီးပါဝင်တဲ့ ဓါတ်ပုံရယ် မီးလောင်နေတဲ့ ဓါတ်ပုံတစ်ခုရယ်ကို ပေါင်းပြီး Photoshop ပြုလုပ်ထားပါတယ်။ ၎င်းဓါတ်ပုံရဲ့ အပေါ်မှာ "စစ်သင်္ဘော ၂ စီး AA ထုပြီဗျို့။ တစ်စီးနစ်မြုပ်ပြီး စစ်ခွေး ၃၂၀ သေဆုံး၊ ရခိုင်မုန့်တီအိုးကွဲသွားပြီ" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို like လုပ်ထားသူ ၄၃၀၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၃ သိန်းကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    AA က ပစ်ခတ်လို့ စစ်ကောင်စီသင်္ဘော တစ်စီးနစ်မြုပ်ပြီး စစ်သား ၃၂၀ သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလတ်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စက်တင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ချောင်းထဲမှာ ဖြတ်မောင်းလာတဲ့ စစ်ကောင်စီရဲ့ သင်္ဘောတစ်စီးကို အေအေက လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီအပြန်အလှန်ပစ်ခတ်မှုကြောင့် အေအေက ပစ်ခတ်လိုက်တဲ့ လက်နက်က စစ်သင်္ဘောရဲ့ အလယ်ကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားကြပါတယ်။

    ကနဦး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာ အဆိုပါ စစ်သင်္ဘောဟာ နစ်မြုပ်သွားတယ်လို့ ဖော်ပြခဲ့ကြပြီး နောက်ပိုင်းမှာ သင်္ဘောနစ်မြုပ်ခြင်း မရှိဘူးလို့ ပြန်လည်ဖော်ပြထားကြပါတယ်။ ဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အရေအတွက်အတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေ ပြောထားတဲ့ အရေအတွက် ၃၂၀ ဆိုတာ ဖြစ်နိုင်ခြင်းမရှိဘဲ ချဲ့ကားရေးသားထားတဲ့ ကိန်းဂဏာန်း အရေအတွက်သာ ဖြစ်ပါတယ်။

    တောင်ကုတ်မှာ စစ်ကောင်စီ သင်္ဘောကို အေအေ ပစ်ခတ်ခဲ့တဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ Video ပေါ်မှာ စစ်ကောင်စီ သင်္ဘောတစ်စီးနှစ်မြုပ်သွားပြီး စစ်သား ၃၂၀ သေဆုံးသွားတယ်လို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ အေအေ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တဲ့ အကြောင်းသာပါဝင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsmilitary councilnavy shipArakan ArmyAACoupသတင်းအတုစစ်ကောင်စီ
    Read Full Article
    Claim :   AA က ပစ်ခတ်လို့ စစ်ကောင်စီရဲ့ စစ်သင်္ဘော တစ်စီးနစ်မြုပ်ပြီး ၃၀၀ ကျော်သေဆုံး
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!