BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • US သံရုံးပိတ်သိမ်းပြီး သံအမတ်နဲ့...
သတင်းအတု

US သံရုံးပိတ်သိမ်းပြီး သံအမတ်နဲ့ ဝန်ထမ်းတွေကို ဓါးစာခံအဖြစ်ဖမ်းထားတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီက အမေရိကန်သံရုံးကို ပိတ်သိမ်းပြီး သံအမတ်နဲ့ ဝန်ထမ်းတွေကို ဓါးစာခံအဖြစ်ဖမ်းထားတယ်ဆိုတဲ့ သတင်းအတုလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  23 Dec 2022 8:10 PM IST
  • US သံရုံးပိတ်သိမ်းပြီး သံအမတ်နဲ့ ဝန်ထမ်းတွေကို ဓါးစာခံအဖြစ်ဖမ်းထားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို findnews8 ဆိုတဲ့ Website တစ်ခုက တင်ထားတာဖြစ်ပြီ ၎င်း သတင်းရဲ့ ခေါင်းစဉ်မှာ "ပြသာနကြီးကြီးတက်ပြီ၊ US နဲ့မင်းအောင်လှိုင် ထိပ်တိုက်တွေ့ပြီ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးထားပါတယ်။ အဆိုပါ သတင်းရဲ့ Feature Photo ဓါတ်ပုံပေါ်မှာတော့ "မအလ သေတွင်းတူးမိပြီ US သံရုံးပိတ်သိမ်းပြီး သံအမတ်နဲ့ ဝန်ထမ်းတွေ ဓါးစာခံအဖြစ် ဖမ်းထား" လို့ ရေးသားထားပါတယ်။

    အဆိုပါ ဓါတ်ပုံရဲ့ အောက်မှာတော့ ၃ မိနစ်ကျော် ကြာမြင့်တဲ့ YouTube Video တစ်ပုဒ်ကို တင်ထားပါတယ်။ ဒီ YouTube Video ရဲ့ ခေါင်းစဉ်မှာလည်း US သံရုံးပိတ်သိမ်းကာ အားလုံးကို ဓါးစာခံအဖြစ်ဖမ်းထားတယ်ဆိုတဲ့ ခေါင်းစဉ်ကိုပဲ ပြန်ဖော်ပြထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာကြည့်ပါ။ အဆိုပါ သတင်းအတုကို Facebook နဲ့ YouTube ပေါ်မှာပါ ဖြန့်ဝေထားပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီက အမေရိကန်သံရုံးကို ပိတ်သိမ်းပြီး သံအမတ်အပါအဝင် ဝန်ထမ်းတွေကို ဓါးစာခံအဖြစ်ဖမ်းထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် အခြေအမြစ်မရှိတဲ့အကြောင်းအရာမျိုးဖန်တီးပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အမေရိကန်သံရုံးကို ပိတ်သိမ်းခြင်းလည်းမရှိသလို သံရုံးဝန်ထမ်း တစ်ဦးတစ်ယောက်မှ ဖမ်းဆီးခံထားရခြင်းလည်း မရှိပါဘူး။ ရန်ကုန်မြို့က သံရုံးဟာ ပုံမှန်အတိုင်း လည်ပါတ်နေဆဲပဲ ဖြစ်ပါတယ်။

    ဒီသတင်းအမှားဟာ ဝင်ရောက်ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပြီး ၎င်းတင်ထားတဲ့ YouTube Video ထဲမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ ဒီ Video ထဲမှာ ပန်းဆိုးတန်း-ဒလ သင်္ဘောပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်ချီနေတဲ့ ပုံစံတွေကို သုံးသပ် ဖော်ပြထားခြင်းသာ ပါဝင်ပါတယ်။

    သတင်းအမှားတင်ထာတဲ့ Website ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းမီဒီယာပုံစံဖန်တီးထားပြီး သတင်းတွေရဲ့ ခေါင်းစဉ်မှာ လူအများဝင်ရောက်ကြည့်ရှု့အောင် လုပ်ကြံရေးသားထားတာ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupUS embassyUS ambassadorhostageသတင်းအတုစစ်ကောင်စီအာဏာသိမ်းအမေရိကန်သံရုံး
    Read Full Article
    Claim :   US သံရုံးပိတ်သိမ်းပြီး သံအမတ်နဲ့ ဝန်ထမ်းတွေ ဓါးစာခံအဖြစ် ဖမ်းထား
    Claimed By :  Facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!