BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Mi-35 ရဟတ်ယာဉ် ပစ်ချခံရပြီး...
သတင်းအတု

Mi-35 ရဟတ်ယာဉ် ပစ်ချခံရပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်း စစ်ကောင်စီရဲ့ Mi-35 ရဟက်ယာဉ် ပစ်ချခံရပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးတယ် ဆိုတဲ့ သတင်းအတု တစ်ပုဒ်သာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Jun 2023 1:15 PM IST
  • Mi-35 ရဟတ်ယာဉ် ပစ်ချခံရပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Curtis Goodman ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၂၆ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၅ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “Mi-35 ရဟတ်ယာဉ်ကို ပွိုင့်5 လက်နက်နဲ့ ပစ်ချလို့ ဗိုလ်ကြီးအပါ စစ်ခွေး (၁၃) ကောင် ပျက်ကျကာ သေဆုံး” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ခေါင်းစဉ်တပ်ကာ ဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှု့သူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းနဲ့ပတ်သက်လို့ လတ်တလောဖြစ်ပျက်ခဲ့တဲ့တိုက်ပွဲသတင်းတွေကို Boom ကစီစစ်ကြည့်တဲ့အခါ ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ပစ်ချခံရတဲ့ဖြစ်စဉ်မျိုးဖြစ်ပွားထားခြင်း မရှိပါဘူး။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဟုမ္မလင်း PDF က စစ်ကောင်စီရဲ့ Mi-17 ရဟက်ယာဉ်တစ်စင်းကို ပစ်ချခဲ့ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပြီးနောက် အခု လက်ရှိ ၂၀၂၃ ခုနှစ် ဇွန်လ ကုန်ထိ ရဟက်ယာဉ် ထပ်မံပစ်ချခံရတဲ့ ဖြစ်စဉ်မျိုးထပ်မံဖြစ်ပွားထားခြင်း မရှိသေးပါဘူး။

    ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဟုမ္မလင်း PDF က စစ်ရဟက်ယာဉ် တစ်စီးပစ်ချခဲ့တဲ့ သတင်းကို အောက်ပါ link မှာ ဖတ်ပါ။စစ်ရဟတ်ယာဉ်တစ်စီး ဟုမ္မလင်း PDF တွေ ပစ်ချနိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

    သတင်းအမှား Video ရဲ့ ခေါင်းစဉ်မှာ စစ်ရဟက်ယာဉ် တစ်စီး ပစ်ချခံရတယ်လို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ၊ စစ်ရေးသတင်းတွေကိုသာ ဟိုတစသည်တစကူးာူဖေါ်ပြထားတာဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMi-35 Attack helicopterMilitaryCoupshot downNUGPDFClickbaitsသတင်းအတုစစ်ကောင်စီMi-35 ရဟက်ယာဉ်ပစ်ချခံရ
    Read Full Article
    Claim :   Mi-35 ရဟက်ယာဉ် ပစ်ချခံရပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံး
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!