BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော်မှာ နာရီဝယ်ဖို့...
သတင်းအတု

နေပြည်တော်မှာ နာရီဝယ်ဖို့ တန်းစီရင်း လူပေါင်းများစွာ မူးလဲသွားတယ်ဆိုတဲ့ သတင်းအတု

နေပြည်တော်မှာ နာရီဝယ်ဖို့ လူထောင်ပေါင်းများစွာ တန်းစီးရင်း အောက်ဆီဂျင်ပြတ်လပ်ကာ မူးလဲသွားတယ်ဆိုတဲ့ သတင်းအတုထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 April 2023 9:56 PM IST
  • နေပြည်တော်မှာ နာရီဝယ်ဖို့ တန်းစီရင်း လူပေါင်းများစွာ မူးလဲသွားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Liza Soberano ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၂၀ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “မြန်မာနိုင်ငံမှာ မကြုံစဖူး ထိတ်လန့်စရာ မြင်ကွင်း” လို့ရေးသားထားပါတယ်။ သတင်းအမှားအတွင်းမှာတော့ “အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် 50% လျှော့စျေး 1 အခမဲ့ 1 ကြိမ်ဝယ် စမတ်နာရီများဝယ်ယူရန် နေပြည်တော်ရှိ အကြီးဆုံးဈေးဝယ်စင်တာတွင် လူထောင်ပေါင်းများစွာ တန်းစီပြီး မူးလဲသွားခြင်း” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပြီး ဂျပန်နည်းပညာနဲ့ ထုတ်ထားတဲ့ စမတ်နာရီတစ်လုံးကို မြန်မာငွေ ၁၇၉၈၀၀ ကျပ် နဲ့ ဝယ်ယူနိုင်ကြောင်း Link တစ်ခုကို ချပေးကာ နာရီအကြောင်း ထပ်မံရေးသားထားက Comment မှာလည်း တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေနဲ့ နာရီအကြောင်းတွေ ရေးသားထားပါတယ်။ အဆိုပါပိုစ့်နဲ့အတူ Shopping Center တစ်ခုထဲမှာ လူတွေတန်းစီနေတဲ့ ဓါတ်ပုံရယ် အမျိုးသမီးငယ်တစ်ဦး လဲနေတဲ့ ဓါတ်ပုံရယ်၊ နာရီပုံတွေရယ် တင်ထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို like လုပ်ထားသူ ၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    နေပြည်တော်မှာ နာရီဝယ်ဖို့ လူထောင်ပေါင်းများစွာတန်းစီရင်း မူးလဲသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ခုနှစ်က ဗီယက်နမ်နိုင်ငံက ဓါတ်ပုံတွေကို အသုံးပြုပြီး ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    ဒီလို လူတွေ တန်းစီပြီး ကုန်ပစ္စည်းတစ်ခုဝယ်နေတဲ့ ဓါတ်ပုံတွေဟာ တစ်ခြားနိုင်ငံတွေမှာလည်း မကြာခဏ ဖြန့်ဝေလေ့ရှိပြီး ၂၀၂၂ ခုနှစ်က မလေးနိုင်မှာ အဆိုပါ ဓါတ်ပုံသုံးပြီး အဲယားကွန်းစက်ဝယ်ဖို့ လူတွေတန်းစီးပြီး မူးလဲတာဖြစ်တယ်လို့ ပြောပြီး ဖြန့်ဝေခဲ့ဖူးပါတယ်။

    အဆိုပါ ပုံတွေသုံးပြီး မလေးရှားနိုင်ငံမှာ ဖြန့်ထားတဲ့ သတင်းအကြောင်း AFP က အချက်အလက် စစ်ဆေးထားတဲ့ သတင်းကို ဒီ link မှာ ဖတ်ပါ။


    အခု နေပြည်တော်မှာ နာရီဝယ်ဖို့ တန်းစီနေတယ်ဆိုတဲ့ပုံတွေဟာလည်း အဆိုပါ ဓါတ်ပုံကို ပြန်လည်အသုံးပြုထားတာဖြစ်ပြီး မူရင်းဓါတ်ပုံဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်က Crescent Mall ထဲမှာ စျေးဝယ်ဖို့ လူတွေတန်းစီနေတဲ့ပုံဖြစ်ပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။

    Crescent Mall ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ ဓါတ်ပုံတွေကို ဒီနေရာမှာ ကြည့်ပါ။


    ဒါ့အပြင် သတင်းအမှားဖြန့်သူဟာ မြန်မာနိုင်ငံက မဟုတ်ဘဲ Google Translate သုံးကာ ဘာသာပြန်ထားတဲ့အတွက် စာကြောင်းတွေ၊ ဘာသာပြန်တွေက အဆီအငေါ်မတည့်ဘဲ ဖေ့စ်ဘွတ်အကောင့် ၁၀ ခုလောက်နဲ့ အဆိုပါ ပိုစ့်အောက်မှာ Comment ဝိုင်းရေးထားတာလည်း တွေ့ရပါတယ်။

    Tags

    Fake newsfaintedin linequeuesmart watchShopping MallNay Pyi Tawသတင်းအတုနာရီဝယ်ဖို့တန်းစီနေပြည်တော်စျေးဝယ်စင်တာ
    Read Full Article
    Claim :   မြန်မာနိုင်ငံမှာ မကြုံစဖူး ထိတ်လန့်စရာ မြင်ကွင်း။ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် 50% လျှော့စျေး 1 အခမဲ့ 1 ကြိမ်ဝယ် စမတ်နာရီများဝယ်ယူရန် နေပြည်တော်ရှိ အကြီးဆုံးဈေးဝယ်စင်တာတွင် လူထောင်ပေါင်းများစွာ တန်းစီပြီး မူးလဲသွားခြင်း
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!