BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန္တလေး ရတနာပုံ တက္ကသိုလ်...
သတင်းအတု

မန္တလေး ရတနာပုံ တက္ကသိုလ် ရှော့တိုက်ဒုံး အလုံး ၂၀ နဲ့ ပစ်ခံရတယ်ဆိုတာမဟုတ်ပါ

မန္တလေး ရတနာပုံတက္ကသိုလ်ကို အာဇာနည်နေ့မှာ ရှော့တိုက်ဒုံး အလုံး ၂၀ နဲ့ တိုက်ခိုက်ခံရလို့ ပြာကျသွားပြီလို့ရေးသားဖြန့်ဝေတဲ့ သတင်းအတုတချို့ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  20 July 2023 11:43 AM IST
  • မန္တလေး ရတနာပုံ တက္ကသိုလ် ရှော့တိုက်ဒုံး အလုံး ၂၀ နဲ့ ပစ်ခံရတယ်ဆိုတာမဟုတ်ပါ

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်ပေ့ချ်တစ်ချို့နဲ့ YouTube ချန်နယ်အချို့က ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ရတနာပုံတက္ကသိုလ်ရဲ့ ဆိုင်းဘုတ်ရယ် မီးလောင်နေတဲ့ ဓါတ်ပုံတွေကို ယှဉ်တွဲကာ တစ်ပုံထဲ ပြုလုပ်ထားပြီး ဓါတ်ပုံအပေါ်မှာ “၂၀ ရက်နေ့ မနက် ၈ နာရီ အထူးသတင်း၊ အာဇာနည်နေ့ အပြီး မန္တလေး ရတနာပုံ ပြာကျပြီ။ ရှော့တိုက်ဒုံး အလုံး ၂၀ ပစ်ထည့်ခံရ။ စစ်ခွေးတွေ ဝရုန်းသုန်းကားပြီကုန်ပြီ”လို့ရေးသားထားပါတယ်။ (အသုံးအနှုန်း မူရင်းအတိုင်းဖေါ်ပြပါသည်)

    ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “ရတနာပုံတက္ကသိုလ် ရှော့တိုက်ဒုံး အလုံး(၂၀)နဲ့ပစ်ထည့်ခံရပြီ” လို့ ထပ်မံရေးသားထားပါတယ်။မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ မန္တလေးရတနာပုံ တက္ကသိုလ်ကို ရှော့တိုက်ဒုံး အလုံး ၂၀ နဲ့ ပစ်ခံရလို့ ပြာကျသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အမှန်တကယ်ဖြစ်ပွားထားခြင်းမဟုတ်တဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အာဇာနည်နေ့က မန္တလေးရတနာပုံတက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်မရှိပါဘူး။ Dutiful Citizens Team (DCT) ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရတနာပုံတက္ကသိုလ်ရှေ့တပ်စွဲထားတဲ့ စစ်အုပ်စုအနီးမှာ အသံမိုင်းကို ချိန်ကိုက်ပြီးဖောက်ခွဲခဲ့တယ်လို့ ၎င်းတို့ရဲ့ ပေ့ချ်က ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်ကို သတင်းမီဒီယာအများစုကလည်း သတင်းရေးသားဖော်ပြထားကြပါတယ်။ DCT အဖွဲ့က ထုတ်ပြန်ထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


    ဒါ့အပြင် သတင်းအမှား Video ခေါင်းစဉ်မှာ ရေးထားသလို Video tထဲမှာ ရတနာပုံတက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်တယ်ဆိုတဲ့သတင်းမပါဝင်ပါဘူး။ Dutiful Citizens Team (DCT) ဆိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အသံမိုင် ချိန်ကိုက်ဖောက်ခွဲခဲ့တယ်ဆိုတဲ့ သတင်းသာ ပါဝင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMyanmarCoupMilitaryMandalay Yadanarpone Universityshock missilesသတင်းအတုစစ်ကောင်စီအာဏာသိမ်းရှော့တိုက်ဒုံး
    Read Full Article
    Claim :   အာဇာနည်နေ့ အပြီး မန္တလေး ရတနာပုံ ပြာကျပြီ။ ရှော့တိုက်ဒုံး အလုံး ၂၀ ပစ်ထည့်ခံရ။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!