BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန္တလေးမြို့သိမ်းတိုက်ပွဲ...
သတင်းအတု

မန္တလေးမြို့သိမ်းတိုက်ပွဲ စပြီဆိုတဲ့ သတင်းအတု

မန္တလေးမြို့သိမ်းတိုက်ပွဲစတင်နေပြီဖြစ်တဲ့အတွက် အပြင်မထွက်ကြဖို့ဆိုပြီး ရေးသားထားတဲ့ သတင်းအမှားတစ်ပုဒ် ဖြန့်ဝေထားကြပါတယ်။

By - Boom Live Myanmar |
Published -  22 July 2022 5:53 PM IST
  • မန္တလေးမြို့သိမ်းတိုက်ပွဲ စပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို PDF Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇူလှိုင်လ ၁၅ ရက်နေ့က ဖြန့်ဝေထားတာ ဖြစ်ပြီး Website တစ်ခုရဲ့ Link ကို ကူးယူဖော်ပြကာ "မန္တလေးမြို့သိမ်းတိုက်ပွဲစပြီ" လို့ ရေးသားထားပါတယ်။ ၎င်း Website အတွင်းမှာတော့ YouTube Video တစ်ပုဒ်ရဲ့ Link ကို တင်ထားကာ "NUG မှ ကုလလုံခြုံရေးကောင်စီကို လက်နက် အမြန်ပေးဖို့ NUG သမ္မတတောင်းပြီ။ မန္တလေးမြို့သိမ်းတိုက်ပွဲစပြီ။ အပြင်လုံးဝ မထွက်နဲ့" လို့ ရေးသားထားပါတယ်။ ၎င်း သတင်းအမှားကို တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တစ်ခုဖြစ်တဲ့ Elvis Cruz ဆိုတဲ့ ပေချ့်ကလည်း အဆိုပါ သတင်းအမှားကို တင်ထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်ပေါ်မှာ ထပ်ဆင့်ဝေမျှသူ များစွာရှိနေပြီး YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၂ သောင်းနီးပါးထိ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    မန္တလေးမြို့မှာ မြို့သိမ်းတိုက်ပွဲစနေကာ အနီရောင်အဆင့်ဖြစ်နေပြီလို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားထဲမှာ ဖြန့်ထားသလို မန္တလေးမြို့သိမ်းတိုက်ပွဲလည်း ဖြစ်ပွားနေခြင်း မရှိသလို အနီရောင်အဆင့်လည်း မဟုတ်ပါဘူး။ မန္တလေးမြို့ဟာ ပုံမှန်အတိုင်း လည်ပါတ်နေဆဲပဲ ဖြစ်ပါတယ်။

    ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ မန္တလေးမြို့သိမ်းတိုက်ပွဲစလို့ အနီရောင်အဆင့်လို့ ရေးသားထားပေမယ့် ၎င်းတင်ထားတဲ့ YouTube Video အတွင်းမှာ အဲ့ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ video ဟာ ၁၀ မိနစ်နဲ့ ၅ စက္ကန့်ကြာမြင့်ပြီး အတွင်းမှာ "မန္တလေးမှာ ဇူလှိုင်လ ၁၄ ရက်နေ့က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့သတင်း၊ NUG ယာယီသမ္မတက ကုလသမဂ္ဂ လူအခွင့်ရေးဆိုင်ရာ မဟာမင်းကြီးနဲ့ Online က တွေ့ဆုံဆိုတဲ့ သတင်း၊ အောင်ဆန်းသူရိယ လှသောင်းကျောင်းက ကျောင်းသူတစ်ဦး ကိုယ့်ကိုကိုယ်အဆုံး စီရင်သွားတဲ့သတင်" စတဲ့ သတင်းတွေကိုသာ တင်ထားပါတယ်။

    ဒီသတင်းအမှား တင်ထားတဲ့ Page တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ Clickbaits သတင်းတွေ ဆက်တိုက်တင်နေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryPDFCoupသတင်းအတုမြို့သိမ်းတိုက်ပွဲClickbaits
    Read Full Article
    Claim :   မန္တလေးမြို့သိမ်းတိုက်ပွဲစပြီ
    Claimed By :  facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!