BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA က သံတွဲထောင်က...
သတင်းအတု

AA က သံတွဲထောင်က အကျဉ်းသားတွေလွတ်ပေးလို့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေတယ်ဆိုတဲ့သတင်းအတု

အာရက္ခတပ်တော် AA က သံတွဲအကျဉ်းထောင်းက အကျဉ်းသားတွေ လွှတ်ပေးလို့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 July 2024 7:42 PM IST
  • AA က သံတွဲထောင်က အကျဉ်းသားတွေလွတ်ပေးလို့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေတယ်ဆိုတဲ့သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “သံတွဲမြို့နယ်မှာ AA ခဲဝါအဖွဲ့က ထောင်ကအကျဉ်းသားတွေကို လွှတ်ပေးလို့ ဒေသခံများစိုးရိမ်မှုမြင့်တက်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ရေးသားထားပါတယ်။ ဒီသတင်းအမှားရဲ့ အတွင်းမှာတော့ “သံတွဲမြို့မှာ AA ခဲဝါအဖွဲ့က လုံခြုံရေးအဖွဲ့တွေ ထိန်းသိမ်းထားတဲ့အကျဉ်းထောင်ကို ဝင်ရောက် တိုက်ခိုက်ထိန်းချုပ်ကာ နိုင်ငံရေးအကျဉ်းသားတွေအပြင် အခြားလူသတ်မှု၊ မုဒိန်းမှု စတဲ့ အပြစ်ဒဏ်နှစ်ကြီးနဲ့ တစ်သက်တစ်ကျွန်းအကျဉ်းချခံထားရတဲ့ အကျဉ်းသား တွေကိုလွှတ်ပေးလိုက်တဲ့အတွက် ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုတွေ မြှင့်တက်နေတယ် လို့သိရပါတယ်။” (မူရင်းအတိုင်း) ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    ၎င်းသတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေကပါ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အာရက္ခတပ်တော် AA က သံတွဲအကျဉ်းထောင်းက အကျဉ်းသားတွေ လွှတ်ပေးလို့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အာရက္ခတပ်တော် AA ဟာ ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့က အကျဉ်းထောင်ကို ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သား ၅၀ ခန့်ဖမ်းမိကာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသာ ၁၀၀ ကျော်ကို ကယ်ထုတ်သွားခဲ့ပါတယ်။ ဒီလိုကယ်ထုတ်ခံထားရတဲ့ အကျဥ်းသားတွေထဲမှာ ခိုး၊ ဆိုး၊ လုယက်မှုနဲ့ ဖမ်းဆီးခံထားရသူတွေ၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ(၅၀၅)က နဲ့ ဖမ်းဆီးခံထားရသူတွေလည်း ပါဝင်ခဲ့ပါတယ်။

    ဒီသတင်းအကြောင်းအရာကို နိရဉ္စရာ သတင်းဌာနက ဇူလိုင်လ ၁၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်အကြောင်း သတင်းအမှားဖြန့်နေတဲ့ Doror Waddy Media ဆိုတဲ့ တယ်လီဂရမ်ချန်နယ်ဟာ နိရဉ္စရာ က ဖော်ပြထားတဲ့သတင်းကို အသုံးပြုကာ တန်ပြန်သတင်းအမှားဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။ ၎င်းတို့ သတင်းအမှားဖြန့်ရာမှာလည်း နိရဉ္စရာ တံဆိပ်တပ်ထားတဲ့ ဓါတ်ပုံကိုပဲ ပြန်လည်အသုံးပြုထားတာဖြစ်ပါတယ်။

    နိရဉ္စရာ က ဖော်ပြထားတဲ့သတင်းကို ဒီနေရာမှာကြည့်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsArakan ArmyRakhine Staterelease prisonersMilitaryCoupသံတွဲထောင်သတင်းအတုအာရက္ခတပ်တော်
    Read Full Article
    Claim :   AA က သံတွဲထောင်က အကျဉ်းသားတွေလွတ်ပေးလို့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!