BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၅၀၅ အမှု ရုတ်သိမ်းပေးဖို့...
သတင်းအတု

၅၀၅ အမှု ရုတ်သိမ်းပေးဖို့ လင်းလင်းနဲ့ ချစ်သုဝေက စစ်ကောင်စီကို အသနားခံတယ်ဆိုတဲ့ သတင်းအတု

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ၂ ယောက်ဟာ ၅၀၅ (က) နဲ့ ၎င်းတို့အပေါ် စွဲဆိုထားတဲ့အမှုကို ရုတ်သိမ်းပေးဖို့ စစ်ကောင်စီထံ အသနားခံတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 Jan 2022 1:23 PM IST
  • ၅၀၅ အမှု ရုတ်သိမ်းပေးဖို့ လင်းလင်းနဲ့ ချစ်သုဝေက စစ်ကောင်စီကို အသနားခံတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Nyeinchantun Nyeinchantun ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၆ နာရီ ၄၁ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "လင်းလင်းနဲ့ ချစ်သုဝေ နစက ကိုအသနားခံတယ်လို့ ဘယ်သူထင်မှာလဲ" လို့ ရေးသားထားပါတယ်။

    သတင်းအမှားအတွင်းမှာတော့ "အံ့ဩတယ်ဆိုတာ ခံဝန်ထိုးပြီးနောက် အတန်ကြာအောင် ကြက်ပျောက်ငှက်ပျောက် ဖြစ်လာပြီးမှ နိုဝင်ဘာလပိုင်းနောက်ဆုံး အပတ်လောက်မှာ တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့ မြန်မာ ရန်ပုံငွေရှာဖွေရေးကနေ ပြန်ပေါ်လာတယ်။ အဲဒီ အွန်လိုင်း Activity မှာ လင်မယား ၂ ယောက် တကယ့်ကို ရဲရဲတောက်ပြနေတာ တွေ့လိုက်ရတယ်။ သူတို့ ဒီလို ရဲရဲတောက်ပြနေတာကိုကြည့်ပြီး တော်ရုံလူမသိသေးတဲ့ အကြောင်းအရာလေး တစ်ခု သိထားတာလေးတွေနဲ့ ဆက်စပ်ပြီး ချစ်သုဝေ၊ လင်းလင်းတို့က ၂ ဖက်ချွန်လား၊ ဒလန်လားလို့ တွေးထင်မိတယ်။ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်မှာ သူ့တို့ရဲ့ကလေး ၂ ယောက်ကြောင့် သူ့မိန်းမ ချစ်သုဝေကို ၅၀၅ (က) ကနေပြီး လွှတ်ပေးဖို့ လင်းလင်း တစ်ယောက် နစကကို ဆက်သွယ်ပြီး အသနားခံလာတယ်။ …." (မူရင်းဖော်ပြချက်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ များစွာနဲ့ ထပ်ဆင့်ဝေမျှသူတွေရှိကာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    လင်းလင်းနဲ့ ချစ်သုဝေတို့ ၂ ယောက်က ၅၀၅ (က) အမှုကို ရုတ်သိမ်းပေးဖို့ စစ်ကောင်စီထံကို အသနားခံတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    အဆိုတော် လင်းလင်းကို Boom Myanmar က အဆိုပါ သတင်းအမှားနဲ့ ပတ်သက်ပြီး တိုက်ရိုက်ဆက်သွယ်ဖို့ ကြိုးစားပေမယ့် လက်ရှိအချိန်မှာ လင်းလင်းဟာ အင်တာနတ် မရတဲ့ နေရာတစ်ခုကို ရောက်ရှိနေတာ ၁၀ ရက်ခန့် ရှိနေတာဖြစ်ပြီး လင်းလင်းနဲ့ အနီးကပ် အဆက်အသွယ်ရှိသူက အဆိုပါ အကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။ ၎င်းက "ကိုလင်းခု အင်တာနက် မရတဲ့နေရာ ရောက်နေလို့ အကိုနဲ့တောင် အဆက်အသွယ်ပြတ်နေတယ်။ ကိုလင်း စိတ်ဓါတ်က ပြတ်တယ် တော်လှန်ရေးမှာ စိတ်နှစ်ထားတယ်။ အဆုံးထိလဲ ဆက်တိုက်သွားမယ့်သူမျိုး" လို့ Boom Myanmar ကို ပြောပါတယ်။

    သတင်းအမှားဖြန့်တဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ Account တုတွေ ဖြစ်တာကို တွေ့ရတတယ်။ NUG၊ CRPH နဲ့ တော်လှန်ရေးအင်းအားစုတွေကို သတင်းအမှားဖြန့်ကာ တိုက်ခိုက်နေတာ တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံတဲ့ သတင်းအမှားတွေ ဆက်တိုက် ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    Fake newsLin Lin and Chit Thu WaiappealedMilitary CouncilCoupSection 505 (A)သတင်းအတုစစ်ကောင်စီပုဒ်မ ၅၀၅ (က)
    Read Full Article
    Claim :   ၅၀၅ အမှု ရုတ်သိမ်းပေးဖို့ လင်းလင်းနဲ့ ချစ်သုဝေက စစ်ကောင်စီကို အသနားခံ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!