BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • LGBT အလံကို ကမ္ဘာဖလားပြိုင်ပွဲမှာ...
သတင်းအတု

LGBT အလံကို ကမ္ဘာဖလားပြိုင်ပွဲမှာ ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းအတု

FIFA ကမ္ဘာဖလားပြိုင်ပွဲမှာ LGBT တွေရဲ့ သက်တံရောင်အလံကို ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  31 Dec 2024 10:07 AM IST
  • LGBT အလံကို ကမ္ဘာဖလားပြိုင်ပွဲမှာ ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက်စာမျက်နှာ အသီးသီးမှာ သရော်စာခေါင်းစဉ်နဲ့ လူကြည့်များအောင် ဖြန့်ဝေထားတာဖြစ်ပြီး နောက်ပိုင်း လူမှုကွန်ယက်သုံးစွဲသူတွေက တကယ်အဖြစ်ပျက်ထင်ပြီး ထပ်မံဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။ ၎င်းသတင်းအမှားကို ဖြန့်ဝေရာမှာ ဘောလုံးကွင်းထဲ ပရိတ်သတ်တွေ ပါဝင်တဲ့ ဓါတ်ပုံနဲ့ အားပေးသူတွေထဲ သက်တံရောင် အလံကိုင်ထားသူတွေ ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၂၀၂၅ ခုနှစ် FIFA ကလပ် ကမ္ဘာဖလားပြိုင်ပွဲမှာ Pride အလံကို အပြီးတိုင်ပိတ်ပင်လိုက်ပြီ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ Account များစွာတို့က ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    FIFA ကမ္ဘာပြိုင်ပွဲမှာ လိင်စိတ်ခံယူမှု ကွဲပြားသူတွေရဲ့ သက်တံရောင်အလံကို ပိတ်ပင်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် ဖန်တီးထားတဲ့ သတင်းတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားတင်သူတွေက ၎င်းတို့ရဲ့ Link ထဲကနေ Website တစ်ခုကို ဝင်ကြည့်ဖို့ Clickbaits ဆန်ဆန် ဖန်တီးပြီး ဖြန့်ထားတာ ဖြစ်ပါတယ်။

    FIFA Club World Cup ကို 2025 ခုနှစ် ဇွန်လမှ စတင်ပြီး အမေရိကန်နိုင်ငံက မြို့ကြီး ၁၁ မြို့မှာ ကျင်းပမှာဖြစ်ပြီး သက်တံရောင်အလံကို ပိတ်ပင်ထားတဲ့ ကြေညာချက်မရှိသလို FIFA ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာလည်း သတင်းထုတ်ပြန်ထားခြင်းမရှိတဲ့အပြင် Major League Soccer (MLS) မှာလည်း ဒီအကြောင်းအရာကို အတည်ပြု ဖော်ပြထားခြင်း မရှိပါဘူး။

    နိုင်ငံတကာ သတင်းဌာနတွေက အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

    ဒီအကြောင်းအရာဟာ လူအများဝင်ရောက်ကြည့်ရှု့အောင် မျှားထားတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

    Read Full Article
    Claim :   Pride Flags Banned in MLS Stadiums for 2025 FIFA Club World Cup
    Claimed By :  Facebook, X, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!