BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျပ်နှစ်သောင်းတန်ငွေစက္ကူ သတင်းအတု
သတင်းအတု

ကျပ်နှစ်သောင်းတန်ငွေစက္ကူ သတင်းအတု

ငွေကြေးပြတ်လပ်မှုကြုံနေတာကြောင့်ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမယ်ဆိုတဲ့ သတင်းအတုတစ်ခု လူမှုကွန်ရက်ပေါ်ပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  30 April 2021 2:07 PM IST
  • ကျပ်နှစ်သောင်းတန်ငွေစက္ကူ သတင်းအတု

    ဒီအကြောင်းအရာကိုဟာ ဧပြီလ ၂၉ ရက်ညနေကတည်းက လူမှုကွန်ရက်အကောင့်တွေနဲ့ ပေ့ချ်တွေမြောက်များစွာမှာ ပြန့်နှံ့နေတာဖြစ်ပြီး ငွေစက္ကူနှစ်သောင်းတန်ထွက်မယ်ဆိုတဲ့ပို့စ်နဲ့အတူ ဖိုတိုရှော့နဲ့ပြုပြင်ဖန်တီးထားတဲ့ ဓါတ်ပုံအချို့လည်းပါဝင်ပါတယ်။

    အဆိုပါအကြောင်းအရာကို အကောင့်တုတချို့နဲ့အဖွဲ့ဝင်များတဲ့ Group တွေကပါအချိန်ကိုက်ဖြန့်ချီနေတာဖြစ်ပြီး မူရင်းတင်ထားတဲ့ပို့စ်တချို့ပါ အကောင့်ပေါင်းရာချီပြီးတော့ ဆင့်ပွားဝေမျှနေတာတွေရှိပါတယ်။

    အဆိုပါအကြောင်းအရာကိုဝေမျှကြရာမှာ "စစ်ကောင်စီဥက္ကဌ မအလမှ ဗဟိုဘဏ်ငွေပြတ်လတ်နေသဖြင့် ငွေစက္ကူ ၂ သောင်းတန်များ ထုတ်မည်ဟု သတင်းများကြားသိရ" ဆိုသည့်ခေါင်းစဉ်နှင့် ဆင့်ပွားဝေမျှကြသည့် ပို့စ်အမြောက်အများပျံ့နှံ့နေပြီး ထပ်ဆင့်ဝေမျှကြသည့်အကောင့်တိုင်းတွင်လည်း အလားတူစာသားများနှင့်ဝေမျှနေကြခြင်းဖြစ်သည်။

    မူရင်းတင်ထားတဲ့သတင်းတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ကြည့်နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဓါတ်ပုံ ငါးပုံပါဝင်တဲ့ အဆိုပါငွေစက္ကူနှစ်သောင်းတန်ထုတ်ဝေမယ်ဆိုတဲ့သတင်းဟာ သတင်းအကိုးအကား၊ အထောက်အထားတွေမပါဝင်ပဲ သတင်းအမှားဖြန့်ချိသူတွေပြုလုပ်နေကျပုံစံအတိုင်း အတွင်းသတင်းဆိုသည့် စကားလုံးနှင့် ဓါတ်ပုံအချို့ကိုအသုံးပြုပြီးစာသားများရေးထိုးကာဖြန့်ဝေနေကြခြင်းဖြစ်သည်။

    Boom Myanmar က ဆန်းစစ်ချက်အရ အဆိုပါအကြောင်းအရာတွေမှာ MWD ရုပ်သံမှ သတင်းကြေငြာသူအမျိုးသမီးတစ်ဦး၏ပုံတစ်ပုံပေါ်တွင် ငွေစက္ကူထုတ်ဝေမည်ဖြစ်ကြောင်းသိရှိရဟူသည့်စာတန်းထိုးထားသည့်ပုံစံပြုပြင်ဖန်တီးထားတဲ့ပုံတစ်ပုံပါရှိသည်ကိုတွေ့ရသည်။အလားတူ တခြားသောပုံတွေမှာလည်း ငွေစက္ကူတစ်သောင်းတန်နဲ့ တစ်ထောင်တန်ပုံများကိုတွဲဖက်ထည့်သွင်းပြီး‌ဖြန့်ဝေနေကြတာဖြစ်ပါတယ်။

    ငွေစက္ကူသစ်ရိုက်နှိပ်ထုတ်ဝေပြီးငွေကြေးဟောင်းများဖျက်သိမ်းမယ်ဆိုတဲ့ ကောလဟာလသတင်းတု၊ သတင်းမှာတွေဟာ အာဏာသိမ်းမှုမဖြစ်ခင်ကာလကတည်းက သတင်းတု၊ သတင်းမှားဖြန့်ချိလေ့ရှိသူများ မကြာခဏဖြန့်ဝေလျက်ရှိသောအကြောင်းအရာတွေဖြစ်ပါတယ်။ လက်ရှိသတင်းနှင့်ပတ်သက်ပြီးတော့လည်း ဗဟိုဘဏ်နဲ့ စစ်ကောင်စီကကြေငြာထုတ်လွှင့်နေသည့် MWD သတင်းဌာနတို့တွင်ပင်ကြေငြာထားခြင်းမရှိသေးပဲ၊ တရားဝင်သတင်းဌာနများတွင်လည်း အဆိုပါသတင်းမျိုးမရှိသေးပေ။


    Tags

    စစ်ကောင်စီနှစ်သောင်းတန်Myanmar Banknoteငွေစက္ကူအာဏာသိမ်းဗဟိုဘဏ်
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!