BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဏိပူရမှာ ကူကီးလက်နက်ကိုင်တွေက...
သတင်းအတု

မဏိပူရမှာ ကူကီးလက်နက်ကိုင်တွေက ကသည်းမျိုးနွယ်စု နေအိမ်တွေကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

India–Myanmar နယ်စပ် မဏိပူရမှာ ကူကီးလက်နက်ကိုင်တွေက ကသည်းမျိုးနွယ်စုတွေကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 July 2023 9:19 PM IST
  • မဏိပူရမှာ ကူကီးလက်နက်ကိုင်တွေက ကသည်းမျိုးနွယ်စု နေအိမ်တွေကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ Video ဟာ ဇူလိုင်လ ၂၆ ရက်ခန့်က India နိုင်ငံက လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပိုမိုပျံ့နှံ့ခဲ့ပြီး ကူကီးမျိုးနွယ်စုတွေနဲ့ ကသည်းမျိုးနွယ်စုတွေကြား Conflict ဖြစ်ပွားနေချိန် အချိန်ကိုဖြန်ကိုက်ဖြန့်ဝေထားတဲ့ Video တစ်ပုဒ်ဖြစ်ပါတယ်။ Video ဟာ ၃ မိနစ်ကျော် ကြာမြင့်ပြီး မြန်မာစကားပြောသူ ၂ ဦးက ဗုံးချိတ်ဆွဲထားတဲ့ ဒရုန်း ၂ စင်းကို လွတ်တင်ကာ ခြံဝင်းတစ်ခုထဲကို ဗုံးကျဲချလိုက်တာကိုတွေ့ရပါတယ်။ အဆိုပါ Video ကို ဖြန့်ဝေရာမှာ ကူကီး သူပုန်တွေက ကသည်းမျိုးနွယ်စုတွေ နေထိုင်တဲ့ နေအိမ်တွေကို ပေါက်ကွဲအားပြင်းထန်တဲ့ဗုံးတွေ Drone နဲ့ ကြဲချခဲ့တယ်လို့ ရေးသားဖြန့်ဝေထားကြပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်အေကာင့်များစွာနဲ့ ဖြန့်ဝေထားကြပြီး သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    India – Myanmar နယ်စပ် မဏိပူရမြို့မှာ ကူကီးမျိုးနွယ်စုတွေက ကသည်းမျိုးနွယ်စုတွေကို ဒရုန်းအသုံးပြုပြီး ဗုံကြဲတိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က Video တစ်ပုဒ်ဖြစ်တာကို တွေ့ရပါတယ်။

    ဒီ Video ဟာ မေလ ၃၁ ရက်နေ့က ဖြစ်စဉ်ဖြစ်ပြီး စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ် ဝါးတန်းကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၇) ဖွဲ့ပူးပေါင်းကာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဉီး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါ PDF ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

    အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခံခဲ့ရတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    India နိုင်ငံ မဏိပူရမြို့မှာ ကူကီးမျိုးနွယ်စုတွေနဲ့ ကသည်းမျိုးနွယ်စုတွေ ပဋိပက္ခဖြစ်ပွားနေချိန် အချိန်ကိုက် ဖြန့်ဝေနေတဲ့ အဆိုပါ သတင်းအမှားနဲ့ ပတ်သက်ပြီး Boom India က ရေးသားထားတဲ့ သတင်းကိုအောက်ပါ Link မှာ ဖတ်ပါ။

    Myanmar Video Peddled As Kukis Using Drones To Bomb Meitei Houses In Manipur

    လက်ရှိ မဏိပူရမှာ ကူကီးတွေ နဲ့ ကသည်းမျိုးနွယ်စုတွေကြား ပဋိပက္ခမြင့်တက်နေပြီး သွေးထိုးလှုံ့ဆော်နေတဲ့ သတင်းအမှားတွေ ဝါဒဖြန့်သတင်းတွေ များစွာထွက်ပေါ်နေဆဲဖြစ်ပါတယ်။

    Tags

    Fake newsKukisdrone bombingMeiteiManipurMilitaryCoupPDFသတင်းအမှားမဏိပူရကူကီးမျိုးနွယ်စုကသည်းမျိုးနွယ်စုဒရုန်းနဲ့ဗုံးကြဲ
    Read Full Article
    Claim :   မဏိပူရမှာ ကူကီးလက်နက်ကိုင်တွေက ကသည်းမျိုးနွယ်စုနေအိမ်တွေကို ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!