BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU နာမည်သုံးပြီး NLD ကို မဲမပေးရန်...
သတင်းအတု

KNU နာမည်သုံးပြီး NLD ကို မဲမပေးရန် တိုက်တွန်းထားသော သတင်းအတု

၂၀၂၀ ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာချိန် နိုင်ငံရေးအရ ဝါဒဖြန့်ချီထားတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  17 July 2020 11:08 AM IST
  • KNU နာမည်သုံးပြီး NLD ကို မဲမပေးရန် တိုက်တွန်းထားသော သတင်းအတု

    ဒီရက်ပိုင်း အတွင်းမှာ KNU (ကရင်အမျိုးသား အစည်းအရုံး) နာမည်ကို အသုံးပြုပြီး NLD ပါတီကို မဲမထည့်ဖို့ တိုက်တွန်းထားတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

    Ye Zar Ni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဇူလိုင်လ ၁၁ ရက်နေ့က USDP Online Media ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ KNU Army ကရင့်တပ်မတော် ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်ပိုစ့်တစ်ခုရဲ့ Screen Shot တစ်ခုကို တင်ထားပါတယ်။ အဲ့ဒီ Screen Shot ထဲမှာ "2020 မှာ ကရင် လူမျိုးအားလုံကို ကရင်ပါတီ မဲပေးကြပါလို့ တောင်းဆိုပါတယ် ကရင်လူမျိုးမှန်ရင်။ ကရင်ပြည်နယ် ကရင်တိုင်းရင်းသားတို့ NLD ပါတီကို မဲမပေးရန် ဆုံးဖြတ်ပြီး" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထာပါတယ်။ အဆိုပါ Screen Shot ကို တင်ထားတဲ့ Ye Zar Ni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ "ဖိုးခွားတို့ ကရင်ပြည်နယ် ကတော့ အခုလို ဆုံးဖြတ်လိုက်ပါပြီ ။ ဘာသာသာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ချင်လို့ပါ ခင်ဗျ" လို့ ရေးသားထားပါတယ်။

    အဲ့ဒီ သတင်းအမှားကို Ye Zar Ni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ လူများတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲမှာ ထပ်ဆင့်ဖြန့်ဝေခဲ့သလို ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ရေးတင်ခဲ့ပြီး ၎င်းထံကနေ လူပေါင်း ရာချီပြီး ထပ်ဆင့်ဖြန့်ဝေခဲ့ကြပါတယ်။

    သတင်းဆန်းစစ်ချက်

    Ye Zar Ni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ကရင်လူမျိုးအားလုံး NLD ပါတီကို မဲမထည့်ဖို့ KNU က တိုက်တွန်းထားတယ် ဆိုတဲ့ သတင်းကို ဆန်းစစ်ဖို့ Boom Myanmar က ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒို မန်းငြိမ်းမောင် ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ အဆိုပါ ရေးသားဖြန့်ချီမှုဟာ သတင်းအမှားသာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

    ဒီလို သတင်းအမှား ဖြန့်ထားတာနဲ့ ပက်သက်ပြီး "အဲ့ဒါက ကျွန်တော်တို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တာပဲ ဖြစ်တယ်။ ကျွန်တော်တို့ KNU က NLD ကို ထောက်ခံတာတို့ တခြား ပါတီကို ထောက်ခံတာတို့ ဒီလို မရှိပါဘူး။ ဒါက ပြည်သူ တစ်ရပ်လုံးရဲ့ သူ့ဟာသူ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ပြည်သူတွေရဲ့ အသိဉာဏ်နဲ့ အသိတရားကို ကျွန်တော်တို့က တန်ဖိုးထားပါတယ်။ ဘယ်သူ့ကို မဲပေးပါလို့ ကျွန်တော်တို့က အဲ့လို မတိုက်တွန်းပါဘူး။ ဒီဟာနဲ့ ပက်သက်ပြီး ဒါလုံးဝ မဟုတ်မမှန်တဲ့ အကြောင်း KNU ရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရေး ဂုဏ်သိက္ခာကို ထိခိုက် ညိုးနွမ်းအောင် လုပ်တာသာ ဖြစ်တဲ့အကြောင်း ကျွန်တော်ပြောချင်ပါတယ်" လို့ ဖဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။

    ဒီ သတင်းအမှား တင်ခဲ့တဲ့ Ye Zar Ni ဆိုတဲ့ အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာလည်း အဆိုပါ ဖေ့စ်ဘွတ်အကောင့်ဟာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်အတု တစ်ခု ဖြစ်တာကို တွေ့ရပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ဝါဒဖြန့်ချီထားတဲ့ သတင်းအမှားတွေ မကြာခဏ တင်နေတာကို တွေ့ရပါတယ်။

    Tags

    Fake newsKNUnot to vote for NLDသတင်းအတုကရင်အမျိုးသားအစည်းအရုံးNLD ကိုမဲမထည့်ဖို့တိုက်တွန်း
    Read Full Article
    Claim :   Ye Zar Ni ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ကရင်လူမျိုးအားလုံး NLD ပါတီကို မဲမထည့်ဖို့ KNU က တိုက်တွန်းထားတယ် ဆိုတဲ့ သတင်းကို Boom Myanmar က ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် ကို ဆက်သွယ် မေးမြန်းပြီး အချက်အလက်စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!