BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU ဥက္ကဌ ဘန်ကောက်ဆေးရုံမှာ...
သတင်းအတု

KNU ဥက္ကဌ ဘန်ကောက်ဆေးရုံမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းအတု

ကရင့်အမျိုးသာအစည်းအရုံး KNU ရဲ့ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးဟာ ထိုင်နိုင်ငံ ဘန်ကောက်ဆေးရုံမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 April 2023 4:44 PM IST
  • KNU ဥက္ကဌ ဘန်ကောက်ဆေးရုံမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ABA News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၁၉ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ မိနစ် ၂၀ ခန့် ကြာမြင့်တဲ့ video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ KNU ဥက္ကဌ တွဲထိုင်နေတဲ့ ဓါတ်ပုံရယ် KNU ဥက္ကဌ ဆေးရုံကုတင်ပေါ်တင်ထားတဲ့ ဓါတ်ပုံတွေကို ပေါင်းကာ တစ်ပုံထဲ ပြုလုပ်ထားပြီး ဓါတ်ပုံအပေါ်မှာ “၁၉ ရက်နေ့ ၊ သေမင်းခေါ်ပြီဗျို့၊ မင်းအောင်လှိုင်နဲ့ ပေါင်းစားနေတဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှု့ထားသူ ၂ ထောင်နီးပါးရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေနဲ့ YouTube ပေါ်မှာလည်း ဖြန့်ဝေထားကပါတယ်။

    သတင်းဆန်းစစ်ချက်

    KNU ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ KNU ဥက္ကဌဟာ ဧပြီလ ၁၈ ရက်နေ့ ရာသီဥတု အပူချိန်မြင့်မားလွန်းတဲ့အတွက် သွေးတိုးပြီး သတိလစ်သွားတဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့က ဆေးရုံတစ်ရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့မှာ ပြန်လည်သက်သာသွားခဲ့ပါတယ်။ ကြီးမားတဲ့ ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ခဲ့သလို သတင်းအမှားဖြန့်သူတွေ ရေးသားထားသလို သေဆုံးသွားခြင်းလည်း မရှိပါဘူး။

    ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း KNU ဥက္ကဌ သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ဘဲ တစ်ခြားသတင်း အကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsKNUpresidentdiedClickbaitsKNU ဥက္ကဌကွယ်လွန်သတင်းအတု
    Read Full Article
    Claim :   KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!