BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်...
သတင်းအတု

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် လမ်းပိုင်းတွေမှာ KNU နဲ့ PDF တွေက ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတု

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က လမ်းပိုင်းတွေမှာ KNU နဲ့ ပူးပေါင်း PDF တွေက ခရီးသွားပြည်သူတွေကို ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  16 Jun 2024 8:00 PM IST
  • မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် လမ်းပိုင်းတွေမှာ KNU နဲ့ PDF တွေက ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ပျောက်ကြားဝတ်စုံဝတ်ဆင်ထားတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေက အိမ်စီးကား၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ၎င်းဓါတ်ပုံတွေနဲ့အတူ “မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ လမ်းပိုင်း အချို့တွင် အကြမ်းဖက် KNU+PDF အကြမ်းဖက်များမှ ပြည်သူများအား ဓါးပြတိုက်ခြင်း အနိုင်ကျင့်နှိပ်စက်ခြင်းများ ပြုလုပ်နေသည့်အတွက် ခရီးသွားပြည်သူများ စိတ်သောကရောက်နေ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က လမ်းပိုင်းတွေမှာ KNU နဲ့ ပူးပေါင်း PDF တွေက ခရီးသွားပြည်သူတွေကို ဓါးပြတိုက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မူရင်းသတင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ KNU တို့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်း ပြည်သူလူထုလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ ဓါတ်ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။ ၎င်းဓါတ်ပုံတွေကိုသုံးပြီး စစ်တပ်ထောက်ခံသူတွေက တော်လှန်ရေးအင်အားစုတွေ ဓါးပြတိုက် ဆက်ကြေးကောက်နေတယ်လို့ လိမ်ညာဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။

    တော်လှန်ရေး အင်အားစုတွေ ပြည်သူလူထု လုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ ဓါတ်ပုံတွေကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsKNUPDFlootingMon StateKaren StateMilitaryPropagandaသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် လမ်းပိုင်းတွေမှာ KNU နဲ့ PDF တွေက ဓါးပြတိုက်နေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!