BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • KNDO စစ်ဦးစီးချုပ် စောနယ်ဒါးမြ...
      သတင်းအတု

      KNDO စစ်ဦးစီးချုပ် စောနယ်ဒါးမြ တိုက်ပွဲမှာ ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

      KNDO စစ်ဦးစီးချုပ် စောနယ်ဒါးမြဟာ တိုက်ပွဲ တစ်ခုအတွင်း ကျဆုံးသွားတယ်ဆိုတဲ့အကြောင်းအရာကိုလူမှုကွန်ရက်အကောင့်တချို့ကနေရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

      By - Boom Live Myanmar | 7 April 2022 3:04 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • KNDO စစ်ဦးစီးချုပ် စောနယ်ဒါးမြ တိုက်ပွဲမှာ ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို ဧပြီလ ၄ ရက်နေ့မှာ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး အဆိုပါ သတင်းအမှားထဲမှာ "KNU အဖွဲ့ခေါင်းဆောင် ဗိုလ်မြ၏သားအကြီး KNDO စစ်ဦးစီးချုပ် နယ်ဒါးမြ (၄•၄•၂၀၂၂)နေ့တွင် သေဆုံး" (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်းဓါတ်ပုံနဲ့ အတူ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။ တချို့ ရေးသားဖြန့်ဝေမှုမှာတော့ "ကော့ကရိတ်တောင်ပိုင်းမှာ ဖြစ်တဲ့ တိုက်ပွဲ အတွင်း နယ်ဒါးမြ သေဆုံးခဲ့တဲ့ သတင်း ဟာ Confirm ဖြစ်တယ်လို့ သိရပါတယ်။လောလောဆယ် တစ်ဖက်မီဒီယာ တွေ ကတော့ မိမိတပ်တွေ စိတ်ဓာတ် တက်ကြွ သွားမှာစိုးလို့ မတင်ရဲသေးတာလို့ ဒေသခံများထံ က သိရပါတယ်" လို့ ရေးသားဖြန့်ဝေ ထားကြပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

      အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ထပ်ဆင့်မျှဝေခြင်း ကူးယူဖော်ပြမှုတွေရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      KNDO စစ်ဦးစီးချုပ် စောနယ်ဒါးမြ တိုက်ပွဲမှာ ကျဆုံးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

      ဒီသတင်းနဲ့ပတ်သက်လို့ KNU ထိန်းချုပ်နယ်မြေကို ရောက်ရှိနေတဲ့ သတင်းထောက်တစ်ယောက်ကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ သတင်းအမှားသာ ဖြစ်ပြီး စောနယ်ဒါးမြဟာ စစ်ကောင်စီကိုလက်ရှိတိုက်ပွဲတွေမှာ စစ်ရေးပိုင်းအရ ဦးဆောင်ကွပ်ကဲနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းက "တော်လှန်ရေးလုပ်နေတာ ဒီမှာက သတင်းထောက်တွေ၊ ကျောင်းသားတွေ လူစုံပဲ။ ဘယ်သတင်းမှာဖုံးထားလို့ မရဘူး။ ဒီလို ခေါင်းဆောင်တစ်ယောက် သတင်းမျိုးဆို ပိုဆိုးတာပေါ့။ ဘာသတင်းမှ ထူးတာ မရှိဘူး။ တိုက်ပွဲတွေ ဖြစ်လို့ အာရှလမ်းမကြီး ပိတ်နေတာရယ် ထောက်ပို့ တချို့ မနေ့က မြဝတီမှာ ဆွဲခံရတာလောက်ပဲ ထူးတယ်" လို့ ထိန်းချုပ်နယ်မြေ ရောက်ရှိနေတဲ့ သတင်းထောက်က ပြောပါတယ်။

      ဒါ့အပြင် ဒီသတင်းကို ကရင်ပြည်နယ် အခြေစိုက်မီဒီယာတွေနဲ့ တခြားဖွဲ့အစည်းတွေမှာ ဖော်ပြထားတာမျိုးလည်း မရှိပါဘူး။ ဒီအကြောင်းအရာတွေဟာ စစ်ကောင်စီကို ထောက်ခံတဲ့အကောင့်တွေနဲ့ ၎င်းတို့ရဲ့ တယ်လီဂရမ်ချယ်နယ်တွေက စတင်ဖြန့်ဝေရာမှ ပျံ့နှံ့လာတဲ့ သတင်းဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsKNDOMajor General Nerdah BomyakilledBattleCoupMilitaryသတင်းအတုစစ်ဦးစီးချုပ်စောနယ်ဒါးမြ
      Read Full Article
      Claim :   KNDO စစ်ဦးစီးချုပ် စောနယ်ဒါးမြ တိုက်ပွဲမှာ ကျဆုံး
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!