BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CDM စစ်သား ၅ ဦးကို KNDO က...
သတင်းအတု

CDM စစ်သား ၅ ဦးကို KNDO က သတ်လိုက်ပြီဆိုတဲ့ သတင်းအတု

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သုံးထပ်ကွေ့တိုက်ပွဲကနေ ထွက်ပြေးပြီး ကော်ဘရာစစ်ကြောင်းထံ လာရောက်ပူးပေါင်းကာ CDM ပြုလုပ်လာထားတဲ့ ခမရ ၁၀၂ က စစ်သား ၅ ဦးကို KNDO က သတ်ပစ်လိုက်ပြီဆိုတဲ့ သတင်းအတုတွေကိုလူမှုကွန်ရက်ပေါ်ဖြန့်ဝေလာကြပါတယ်။

By - Boom Live Myanmar |
Published -  22 July 2022 5:59 PM IST
  • CDM စစ်သား ၅ ဦးကို KNDO က သတ်လိုက်ပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို စစ်ကောင်စီထောက်ခံသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့် ပေါင်းများစွာကနေ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားထဲမှာ "ခမရ ၁၀၂ က စစ်သည် ၅ ဉီး လက်နက်နဲ့ တောခိုသွားတော့ နီပိတ်တွေက warmly welcome people's soldier ဆိုပြီး ပျော်ပြနေတာ အမြင်ကပ်လောက်အောင်ပဲ။ KNU ကလည်း ကောင်းမွန်စွာ လက်ခံ၊ကျွေးမွေးထားပါတယ်ဆိုပြီး ထမင်းကျွေး၊ကော်ဖီတိုက်တဲ့ ဓာတ်ပုံတွေရိုက် မီဒီညာတွေဆီပေး အွန်းလိုင်းပေါ်ကနေ သူတို့ဂုဏ်ကို မြှင့်ယူကြတယ်။ မကြာပါဘူး မနေ့ ဇူလိုင် ၁၅ က ဒီ တောခို စစ်သည် ၅ ဉီးကို KNU က သူတို့ စစ်ကြောင်းတည်နေရာကို လိုက်ပြခိုင်းတာ စစ်ကြောင်းကိုလည်းမတွေ့၊ နေရာလည်း မပြနိုင်လို့ ပြဿနာတက်ပြီး tတ်ပစ်လိုက်ပြီ ဆိုပြီး သတင်း ထပ်တက်လာတယ်။ အော်...ဒီ ၅ ယောက်လည်း ရှေ့ရှေ့က လမ်းစဉ်ကို လိုက်သွားပြန်ပီလို့ တွေးလိုက် မိတယ်။ လူသေတာ ပျော်စရာမဟုတ်ပေမယ့်.. နိုင်ငံတော်အလံကို သူတို့လက်နဲ့ကိုင်ထိ သစ္စာဆိုခဲ့တဲ့ သစ္စာတွေ စူးတယ်လို့ပဲ ခံယူလိုက်ပါတယ်……" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သုံးထပ်ကွေ့တိုက်ပွဲကနေ ထွက်ပြေးပြီး ကော်ဘရာစစ်ကြောင်းထံ လာရောက်ပူးပေါင်းကာ CDM ပြုလုပ်လာထားတဲ့ ခမရ ၁၀၂ က စစ်သား ၅ ဦးကို သတ်ပစ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ CDM ပြုလုပ်လာတဲ့ စစ်သား ၅ ဦးကို ကော်ဘရာ စစ်ကြောင်းက ကောင်းမွန်စွာ ကြွေးမွေးထားပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုမြောက်များစွာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကပေဓထွက်ခဲ့ပါတ.။ Cobra Column ကလည်း အဆိုပါ စစ်သား ၅ ဦးကို လူသားဆန်ဆန် ကောင်းမွန်စွာ ထားရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာကြည့်ပါ။


    ဒါ့အပြင် အဆိုပါ စစ်သား ၅ ဦးဟာ ဘေးကင်လံခြုံရာကို ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းမီဒီယာတွေမှာ ရုပ်သံ အင်တာဗျူးတွေ ဖြေကြားပေးထားပါတယ်။ အဆိုပါ CDM စစ်သားတွေ အင်တာဗျူးဖြေပေးထားတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။


    Tags

    Fake newsKNUKNDOkillCDM soldiersMilitaryCoupPDFသတင်းအတုCDM စစ်သား
    Read Full Article
    Claim :   CDM ပြုလုပ်လာထားတဲ့ ခမရ ၁၀၂ က စစ်သား ၅ ဦးကို KNDO က သတ်ပစ်လိုက်ပြီ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!