BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်ချုပ်ဂွမ်မော်က...
သတင်းအတု

ဗိုလ်ချုပ်ဂွမ်မော်က စစ်ကောင်စီခေါင်းဆောင်ကို အသနားခံစာ ပို့တယ်ဆိုတဲ့ သတင်းအတု

ဗိုလ်ချုပ်ဂွမ်မော်က စစ်ကောင်စီ ခေါင်းဆောင်ကို အသနားခံစာ ပို့တယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  4 Nov 2023 7:56 AM IST
  • ဗိုလ်ချုပ်ဂွမ်မော်က စစ်ကောင်စီခေါင်းဆောင်ကို အသနားခံစာ ပို့တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို နိုဝင်ဘာလ ၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် လူမှုကွန်ယက်ပေါ်ကို ဖြန့်ဝေထားကြတာ ဖြစ်ပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ အဝါရောင်နောက်ခံပေါ်မှာ စာရေးသားထားတဲ့ ဓါတ်ပုံတစ်ပုံနဲ့ ဖြန့်ဝေထားတာ ဖြစ်ပြီး “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ KIA အကြမ်းဖက်အဖွဲ့ ဒုခေါင်းဆောင် ဂွမ်မော်မှ အသနားခံစာ တင်ထားကြောင်းသိရ” (အသုံးအနှုန်း မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    ဒီသတင်းအမှားကို ဖြန့်သူတွေက “အဘရေ သနားစရာမလိုဘူးနော် အပြတ်ရှင်းပေးပါဗျ” လို့ ရေးသားက ဗိုလ်ချုပ်ဂွမ်မော်က ကြောက်ရွံ့နေပြီဖြစ်ကြောင်းလည်းရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်ချုပ်ဂွမ်မော်က စစ်ကောင်စီခေါင်းဆောင်ထံကို အသနားခံစာ ပို့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီနဲ့ KIA တပ်တွေဟာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း လိုက်ဇာအနီးတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ကြိုးစားနေသလို KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

    BBC သတင်းဌာနရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က တင်ထားတဲ့ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ အင်တာဗျူးမှာလည်း စစ်အာဏာရှင် ချုပ်ငြိမ်းရေးကို ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုမှုတွေ ပြုလုပ်ထားပါတယ်။ ဒါဟာသတင်းအမှားဖြန့်သူတွေ ဘက်က ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဘယ်သူဘယ်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး ဒီအကောင့်တွေကနေ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ၊ သတင်းအမှားတွေ မကြာခဏဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    Fake newsKIAGeneral Gun MawpetitionmilitaryCoupProgagandaသတင်းအတုစစ်ကောင်စီဝါဒဖြန့်အာဏာသိမ်း
    Read Full Article
    Claim :   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ KIA အဖွဲ့ ဒုခေါင်းဆောင် ဂွမ်မော်မှ အသနားခံစာ တင်ထားကြောင်းသိရ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!