BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုပ်ရှင်ထဲက ဓါတ်ပုံကိုအသုံးပြုပြီး...
သတင်းအတု

ရုပ်ရှင်ထဲက ဓါတ်ပုံကိုအသုံးပြုပြီး KIA နဲ့ PDF တွေ ချေမှုန်းခံလိုက်ရတယ်ဆိုတဲ့ သတင်းအတု

ရုပ်ရှင်တစ်ခုရဲ့ ဇာတ်ဝင်ခန်းထဲက ရိုက်ကွင်းတစ်ခုကို အသုံးချပြီး KIA နဲ့ PDF တွေ ချေမှုန်းခံလိုက်ရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 Sept 2023 11:11 AM IST
  • ရုပ်ရှင်ထဲက ဓါတ်ပုံကိုအသုံးပြုပြီး KIA နဲ့ PDF တွေ ချေမှုန်းခံလိုက်ရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်လော်ဘီ မှိုင်းဝေရဲ့ Telegram ချန်နယ်ကနေ စတင်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ ပျောက်ကြားဝတ်စုံဝတ်ဆင်ထားတဲ့ စစ်သားတွေ များစွာသေဆုံးနေပြီး ဘေးမှာ မီးတွေလောင်နေတဲ့ ဓါတ်ပုံကို သုံးထားပြီးတော့ ဓါတ်ပုံနဲ့အတူ “မြစ်ကြီးနား-ဆွမ်ပရာဘွမ် မဟာဗျူဟာလမ်းပိုင်းရှိ တပ်မတော်ရဲ့ ဒရုခ စခန်းကို တိုက်ပြီးမကြာမီ ပြန်လည်ချေမှုန်းခံလိုက်ရတဲ့ KIA+PDF အကြမ်းဖက်များ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်လည်း အကောင့်ပေါင်းများစွာနဲ့ ဖြန့်ဝေထားကြသလို VK လူမှုကွန်ယက်ပေါ်လည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မြစ်ကြီးနား-ဆွမ်ပရာဘွမ် မဟာဗျူဟာလမ်းပေါ်က စစ်ကောင်စီစခန်းကို တိုက်ခိုက်ပြီးနောက် ပြန်လည်ချေမှုန်းခံလိုက်ရတဲ့ KIA နဲ့ PDF တွေလို့ ဖြန့်ထာတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါမှာတော့ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ ဓါတ်ပုံမှာ KIA နဲ့ PDF တွေ ချေမှုန်းခံရတဲ့ဓါတ်ပုံမဟုတ်သလို မြန်မာနိုင်ငံက ဓါတ်ပုံလည်း မဟုတ်ပါဘူး။ အဆိုပါ ဓါတ်ပုံဟာ ၂၀၁၉ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Triple Thread ဆိုတဲ့ Action thriller အမျိုးအစား ဇာတ်ကားထဲက ရိုက်ကွင်းတစ်ခုသာ ဖြစ်ပါတယ်။

    ဒီ Movie ထဲက အစပိုင်း ၁၃ မိနစ်ခန့်မှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းထဲက ရိုက်ကွင်းတစ်ခုကို အသုံးပြုပြီး KIA နဲ့ PDF တွေ ချေမှုန်းခံရတယ်လို့ ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံပါဝင်တဲ့ Triple Threat ရုပ်ရှင်ကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ၊ သတင်းအမှားတွေ မကြာခဏဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    Fake newsKIAPDFMilitaryTriple Threat Moviepropagandaသတင်းအတုစစ်ကောင်စီဝါဒဖြန့်
    Read Full Article
    Claim :   မြစ်ကြီးနား-ဆွမ်ပရာဘွမ် မဟာဗျူဟာလမ်းပိုင်းရှိ တပ်မတော်ရဲ့ ဒရုခ စခန်းကို တိုက်ပြီးမကြာမီ ပြန်လည်ချေမှုန်းခံလိုက်ရတဲ့ KIA+PDF များ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!