BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ခိုင်သင်းကြည်ရဲ့ ခင်ပွန်း...
      သတင်းအတု

      ခိုင်သင်းကြည်ရဲ့ ခင်ပွန်း ထောင်ထဲမှာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု

      စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ထောင်ထဲမှာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  30 March 2023 1:45 PM IST
    • ခိုင်သင်းကြည်ရဲ့ ခင်ပွန်း ထောင်ထဲမှာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Delight 1.0 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၂၉ ရက်နေ့ မနက် ၉ နာရီခွဲမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံတွေပေါ်မှာ ခိုင်သင်းကြည်နဲ့ ခင်ပွန်းဖြစ်သူ တွဲရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံရယ် တစ်ခြားနာရေးဓါတ်ပုံတစ်ပုံရယ်ကို ပေါင်းထားက ဓါတ်ပုံပေါ်မှာ “ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးသွားတာ ၅ လ ပြည့်တဲ့နေ့မှာပဲ ကွယ်လွန်သွားပြီဟု ရဲစခန်းမှ ဖုန်းဆက်တယ်ဟု သိရှိရပါတယ်” လို့ ရေးသားထားပါတယ်။ Video အတွင်းမှာလည်း အဆိုပါအတိုင်း နောက်ခံအသံ ရွတ်ဆိုထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “ခိုင်သင်းကြည် ခင်ပွန်းထောင်ထဲမှာ ကွယ်လွန်” လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို like လုပ်ထားသူ ၄၀၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂ သိန်းခွဲကျော် ရှိကာ ထပ်ဆင့်ဝေမျှထားသူ မှတ်ချက်ရေးသားသူ များစွာရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရပြီး ၅ လ အကြာ ထောင်ထဲမှာ ကွယ်လွန်သွားပြီလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင် ကို စစ်တပ်က ဖမ်းဆီးပြီးတဲ့နောက်မှာ ခိုင်သင်းကြည်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မည်သည့်အကြောင်းအရာမှာ ဆက်လက် ရေးသားဖြန့်ဝေခြင်း မရှိတော့ပဲ ၎င်းရဲ့ သမီးဖြစ်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ သူမရဲ့ အနုပညာ လုပ်ဆောင်ချက်တွေ ကုန်ပစ္စည်း ကြော်ငြာထားတဲ့ ဓါတ်ပုံတွေ မကြာခဏ မျှဝေလေ့ရှိပြီး ၎င်းရဲ့ ဖခင်အကြောင်း တစ်စုံတစ်ရာ ရေးသား ဖော်ပြထားခြင်း မရှိပါဘူး။

      ခိုင်သင်းကြည်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ၎င်းရဲ့ သမီးဖြစ်သူ စံထိပ်ထားဦးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ကိုခန့်နိုင်ရဲ့ သတင်းကို မည်သည့် သတင်းမီဒီယာတွေ အနုပညာအသိုင်းအဝိုင်းကလည်း ထပ်မံ ဖော်ပြကြခြင်း မရှိဘဲ အခု သတင်းအမှားဖြန့်တဲ့ ပေ့ချ်တစ်ခုထဲကသာ ရေးသားဖော်ပြထားတာဖြစ်ပြီး ၎င်းပိုစ့်အောက်မှာ သတင်းအမှားတွေ ဖြန့်နေတယ်လို့ ဖေ့စ်ဘွတ်အသုံးပြုသူများစွာက မှတ်ချက်တွေ ရေးသားထားပါတယ်။


      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကမှ စတင်ပြုလုပ်ထားခြင်း အနုပညာအသိုင်းနဲ့ ပတ်သက်တဲ့ ကောလဟာလဆန်ဆန် သတင်းအမှား ၃ ပုဒ်သာ ဖော်ပြထားပါတယ်။ ဒီပေ့ချ်ဟာ အချိန်တိုတိုအတွင်း လူအများစိတ်ဝင်စားမှုရပြီး Like တွေ Share တွေ တိုးလာအောင် အခုလို လိမ်ညာထားတဲ့ သတင်းအမှားတွေ ဖြန့်နေတဲ့ Page တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsthat Khaing Thin Kyi
      Read Full Article
      Claim :   ခိုင်သင်းကြည် ခင်ပွန်းထောင်ထဲမှာ ကွယ်လွန်
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!