BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကနီမှာ PDF အချင်းချင်း...
သတင်းအတု

ကနီမှာ PDF အချင်းချင်း သတ်ဖြတ်တယ်ဆိုတဲ့ သတင်းအတု

ကနီမြို့နယ်မှာ တောတွင်း PDF စခန်းက ထွက်ပြေးလာတဲ့ PDF တွေကို ကျန်တဲ့ PDF တွေက လိုက်လံသတ်ဖြတ်တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 Sept 2022 4:34 PM IST
  • ကနီမှာ PDF အချင်းချင်း သတ်ဖြတ်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ရဲခေါင်ကျော်စွာဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဩဂုတ်လ ၂၈ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားထဲမှာ " ကနီမြို့နယ် တောတွင်းPDFစခန်းမှ တွက်ပြေးလာသည့် PDF ၅ ဦးအား ကျန်PDFများကလိုက်လံရှာဖွေပြီး ၅ဦးစလုံးအားသတ်ပစ်။ ၎င်းတို့အားလိုက်ပို့ပေးသည့် ကားကြုံကိုပါမီးရိူ့ဖျက်စီးသွားသည်။ ကနီမြို့ ချောင်းမအနောက်ရွာ အနီးဒေသခံများထံမှ သတင်းရရှိ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကနီမြို့နယ်မှာ တောထဲ PDF စခန်းက ထွက်ပြေးလာတဲ့ PDF တွေကို ကျန်တဲ့ PDF တွေက လိုက်လံဖမ်းဆီးပြီး သတ်ပစ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ သတ်ခံထားရတဲ့ PDF ၅ ဦးဟာ ဩဂုတ်လ ၂၇ ရက်နေ့က ကနီမြို့နယ် ချောင်းမကျေးရွာ မြောက်ဘက် သင့်ဝင်ရွာ၊ မင်းမရွာ၊ ကျွဲသောက်ကန်ရွာဘက် ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

    ကနီမြို့နယ် ချောင်းမရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ အဆိုပါ PDF ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် ကားတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သူရိန်က DVB သတင်းဌာနကို ဖြေကြားထားပါတယ်။

    ကနီမှာ PDF ၅ ဦး အသတ်ခံရတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ PDF တွေကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ဖြန့်လေ့ရှိတာကို တွေ့ရပါတယ်။

    Tags

    Fake newsKani PDFsPeople Defence ForceMilitaryCoupသတင်းအတုကနီ PDFစစ်ကောင်စီ
    Read Full Article
    Claim :   ကနီမြို့နယ် တောတွင်းPDFစခန်းမှ ထွက်ပြေးလာသည့် PDF ၅ ဦးအား ကျန် PDF များက လိုက်လံရှာဖွေပြီး ၅ဦးစလုံးအား သတ်ပစ်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!