BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကနီ PDF တွေက အိမ်တွေကို...
သတင်းအတု

ကနီ PDF တွေက အိမ်တွေကို ဆန်တစ်အိတ်စီ ပေးရမယ်ဆိုပြီး ဓါးပြတိုက်တယ်ဆိုတဲ့ သတင်းအတု

ကနီ PDF တွေက အိမ်ထောင်စု တစ်စုကို ဆန်တစ်အိတ် ပေးရမယ်ဆိုပြီး ခြိမ်းခြောက်ကာ ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 Oct 2023 9:22 PM IST
  • ကနီ PDF တွေက အိမ်တွေကို ဆန်တစ်အိတ်စီ ပေးရမယ်ဆိုပြီး ဓါးပြတိုက်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီအတွက် ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဖြန့်ယေနေတဲ့ တယ်လီဂရမ် ချန်နယ်တစ်ခုက အောက်တိုဘာလ ၈ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဆန်အိတ်တွေ သယ်နေသူတွေ ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပါတယ်။ အဆိုပါ ဓါတ်ပုံတွေနဲ့အတူ ကနီ PDF တွေက အိမ်ထောင်စု တစ်ခုလျှင် ဆန်တစ်အိတ် ပေးရမည်ဟု ခြိမ်းခြောက်ကာ ဆန်တွေ ဓါးပြတိုက်နေတယ်လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကနီ PDF တွေက အိမ်ထောင်စု တစ်စုကို ဆန်တစ်အိတ် ပေးရမယ်ဆိုပြီး ခြိမ်းခြောက်ကာ ဓါးပြတိုက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ ဆန်အိတ်တွေ ဓါးပြတိုက်နေတဲ့ ပုံတွေမဟုတ်သလို ကနီ PDF တွေလည်း မဟုတ်ပါဘူး။ ဒီအကြောင်းအရာဟာ အောက်တိုဘာလ ၈ ရက်နေ့က ခေတ်သစ်သတင်း တစ်ပုဒ်မှာ ဖော်ပြခဲ့တဲ့ ပြည်သူမှပြည်သူသို့ ဆိုတဲ့ ပရဟိတ အဖွဲ့က ကနီစစ်ရှောင် စခန်းကို လှူဒါန်းစဉ်က ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။

    ပြည်သူမှပြည်သူသို့ ဆိုတဲ့ ပရဟိတ အဖွဲ့က ကနီမြို့နယ် စစ်ဘေးရှောင်စခန်းကို ဆန် ၁၂ အိတ်နဲ့ ငါး ၁၂ ပိဿ ထောက်ပံ့ လှူဒါန်းခဲ့တဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး ကနီ PDF တွေက ဆန်အိတ်တွေ ဓါးပြတိုက်သွားတယ်လို့ သတင်းအမှား ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

    ပရဟိတအဖွဲ့က စစ်ရှောင်စခန်းကို လှူဒါန်းခဲ့တဲ့အကြောင်း ဖော်ပြထားတဲ့ ခေတ်သစ် သတင်းကို ဒီနေရာမှာ ကြည့်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဘယ်သူဘယ်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး ဒီအကောင့်တွေကနေ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ၊ သတင်းအမှားတွေ မကြာခဏဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    Fake newsKani PDFPeople
    Read Full Article
    Claim :   ကနီ PDF တွေက အိမ်ထောင်စု တစ်ခုလျှင် ဆန်တစ်အိတ် ပေးရမည်ဟု ခြိမ်းခြောက်ကာ ဆန်တွေ ဓါးပြတိုက်နေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!