BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်နယ်ထရမ့် တရားရုံးချိန်း...
သတင်းအတု

ဒေါ်နယ်ထရမ့် တရားရုံးချိန်း ပျက်ကွက်မှုကို တရားသူကြီးတွေက ခွင့်ပြုတယ်ဆိုတဲ့ သတင်းအတု

အမရေိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် တရားရုံးချိန်း ပျက်ကွက်မှုကို တရားသူကြီးတွေက ခွင့်ပြုထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 May 2024 9:52 PM IST
  • ဒေါ်နယ်ထရမ့် တရားရုံးချိန်း ပျက်ကွက်မှုကို တရားသူကြီးတွေက ခွင့်ပြုတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာတွေအပေါ် မေလ ၈ ရက်နေ့က ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားထဲမှာ တရားစွဲဆိုခံနေရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံးရေးအတွက် တရားရုံးချိန်းပျက်ကွက်တာတောင် တရားသူကြီးတွေက လုံးဝ အဆင်ပြေတယ်။ တရားရုံးချိန်းပျက်ကွက်မှုအတွက် လိမ်ညာနေတာတောင် ဒေါ်နယ်ထရမ့်ဖြစ်နေတဲ့အတွက် အဆင်ပြေတယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ထပ်ဆင့်ဝေမျှထားသူ Like လုပ်ထားသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် တရားရုံးချိန်း ပျက်ကွက်မှုကို တရားသူကြီးတွေက ခွင့်ပြုထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ တရားရုံးချိန်းကို တစ်ကြိမ်မှ ပျက်ကွက်ဖူးခြင်း မရှိပါဘူး။ နိုင်ငံတကာ သတင်းဌာနတွေကလည်း ထရမ့်ရဲ့ တရားရုံးချိန်းတွေ၊ မဲဆွယ်ကမ်ပိန်းတွေကို စဉ်ဆက်မပြတ် ဖော်ပြနေဆဲဖြစ်ပြီး ဒေါ်နယ်ထရမ့်အနေနဲ့ မဲဆွယ်ကမ်ပိန်းကြောင့် တရားရုံးချိန်း ပျက်ကွက်မှု ဖြစ်ပွားခဲ့ဖူးခြင်း မရှိပါဘူး။

    ဒါ့အပြင် ၎င်းအကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်း ရိုက်တာ အပါအဝင် တစ်ခြားသတင်းဌာနတွေကလည်း ရေးသားဖော်ပြထားကြပါတယ်။ ဒီသတင်းအမှားနဲ့ ပတ်သက်တဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။



    Tags

    Fake newsDonald Trumpmiss a trialrallyသတင်းအတုတရားရုံးချိန်းဒေါ်နယ်ထရမ့်
    Read Full Article
    Claim :   ဒေါ်နယ်ထရမ့် တရားရုံးချိန်း ပျက်ကွက်မှုကို တရားသူကြီးတွေက ခွင့်ပြု
    Claimed By :  Facebook, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!