BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အများပြည်သူ ထိတ်လန့်အောင်...
      သတင်းအတု

      အများပြည်သူ ထိတ်လန့်အောင် လှုံ့ဆော်တဲ့ သတင်းအတု

      ကိုရိုနာကပ်ဘေးကြုံတွေ့နေရတဲ့ ကာလမှာ အများပြည်သူ ထိတ်လန့်အောင် လှုံ့ဆော်နေတဲ့ သတင်းအမှားတွေ၊ နိုင်ငံရေး ပါတီစွဲကြောင့် အခြေအနေ မတည်ငြိမ်အောင် ဖြန့်ချိတဲ့ သတင်းအမှားတွေ၊ စီးပွားရေး အမြတ်ထုတ်တဲ့ သတင်းအမှားတွေ နေ့စဉ်နဲ့လိုလို ပျံ့နှံ့နေပါတယ်။ ဒီလို သတင်းအမှားဖြန့်ချိမှုတွေအပြင် သတင်းအဟောင်းတွေ၊ ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး ထင်ယောင်ထင်မှား ဖြန့်ချိမှုတွေလည်း ပြုလုပ်လေ့ရှိပါတယ်။

      By - Boom Live Myanmar | 9 May 2020 5:12 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • အများပြည်သူ ထိတ်လန့်အောင် လှုံ့ဆော်တဲ့ သတင်းအတု

      Khaing Lay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ မေလ ၃ ရက်နေ့ မနက် ၁၀ နာရီ ၅၄ မိနစ်မှာ ဧပြီလ ၃၀ ရက်နေ့က ဓါတ်ပုံတစ်ပုံ အသုံးပြုပြီး ထင်ယောင်ထင်မှား သတင်းတစ်ပုဒ် တင်ခဲ့ပါတယ်။ အဆိုပါ သတင်းအတုထဲမှာ "ချင်းပြည်နယ်ဖလမ်မြို့တွင်Quarantinဝင်နေသည်ဒုပညာရေးမူးသေဆုံး၊ မြန်မာနိူင်ငံတွင် Quarantinဝင်ရင်သေဆုံးသူအများအပြားရှိလာပါပြီCovid19ပိုးရှိသူဟု ထုတ်ပြန်ချင်းမရှိသောကြောင့် ပြည်သူအများ ထိတ်လန့်တကြား ပိုမိုမြင့်မားမူဖြစ်နေရပါသည်။ Quarantin ဝင်ရင် သေဆုံးသူ၁၀၀ကျော်ရှိလာပါသည်။ သတင်း အမှောင်ချထား၍ ပြည်သူများ အလုံးစုံကို မသိရပါ။ ပြည်သူများ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေနိူင်ရန် အစိုးရမင်းများ သတင်းမှန် တင်ပေးစေလိုပါသည်" လို့ ရေးသားထားပါတယ်။ (စာလုံးပေါင်း သတ်ပုံကို မူရင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။ မူရင်းလင့်ကို ဒီမှာကြည့်ပါ ဒီသတင်းအတုကို တဆင့်ပြန်လည် ဝေမျှသူ ၇၀၀ နီးပါး ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      Khaing Lay ဖေ့စ်ဘွတ် ပိုစ့်မှာ ရေးထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အများပြည်သူ ထိတ်လန့်အောင် ထင်ယောင်ထင်မှား ရေးသားထားတာကို တွေ့ရပါတယ်။

      ဒီ ဖေ့စ်ဘွတ်ပိုစ့်မှာ ရေးထားတဲ့ ချင်းပြည်နယ် ဖလမ်းမြို့မှာ Quarantine ဝင်နေတဲ့ ဒုပညာရေးမှူး သေဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းအရာမှာ အဆိုပါ သေဆုံးမှုဟာ ရောဂါအခံကြောင့် ဦးနှောက်သွေးကြော ပြတ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

      ဖလမ်းမြို့က ပညာရေးဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူးဟာ ရုံးပိတ်ရက်မှာ ၎င်းရဲ့ မိသားစုရှိရာ အောင်လံမြို့ကို ခေတ္တပြန်သွားတဲ့အတွက် ဖလမ်းမြို့ ပြန်ရောက်ရှိတဲ့အခါမှာ Home Quarantine အဖြစ် တစ်ဦးတည်း နေထိုင်စဉ် ရောဂါအခံကြောင့် ဧပြီလ ၃၀ ရက်နေ့မှာ ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

      ဒီအကြောင်းအရာကို Myanmar Times သတင်းမှာ ဖတ်ရှု့နိုင်ပါတယ်။


      အဆိုပါ Khaing Lay ရဲ့ ဖေ့စ်ဘွတ်ပိုစ့်မှာ သတင်းအမှောင် ချထားတဲ့ အတွက် ပြည်သူများ အလုံးစုံ မသိရဘူးလို့ ရေးထားပါတယ်။ ဒါဟာ လိမ်လည်ရေးသားမှု သက်သက်သာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာ ရောဂါနဲ့ ပက်သက်တဲ့ သတင်းတွေ နေ့စဉ် ထုတ်ပြန်ပေးနေသလို တရားဝင် သတင်းဌာနကြီးတွေကလည်း နေ့စဉ် ရေးသားနေကြပါတယ်။

      ကိုရိုနာရောဂါနဲ့ ပက်သက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်တွေကို Ministry of Health and Sports, Myanmar မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် Khaing Lay ဖေ့စ်ဘွတ်ပိုစ့်အကောင့်ဟာ မည်သူမည်ဝါ မှန်း အတိအကျမသိရတဲ့ အကောင့်တု တစ်ခုသာဖြစ်ပြီး နိုင်ငံရေး တိုက်ခိုက်မှုတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ ထင်ယောင်ထင်မှား သတင်းတွေ ဖြန့်ချီနေတာကို တွေ့ရပါတယ်။ ကိုရိုနာကပ်ဘေးကာလမှာ Online မှာ သတင်းအမှား ဖြန့်ချီပြီး ပြစ်မှု ကျူးလွန်သူတွေ၊ မှုခင်းကျူးလွန်နေသူတွေကို သတိထားဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အသိပေး နှိုးဆော်ချက်ကို ဒီမှာ ဖတ်နိုင်ပါတယ်။






      Tags

      fake newsFake Accountcoronavirus MyanmarCoronavirus rumoursChin StatePhalannQuarantine
      Read Full Article
      Claim :   ရောဂါ အခံကြောင့် သေဆုံးခဲ့တဲ့ ဖလမ်းမြို့က လက်ထောက်ပညာရေးမှူး သတင်းကို အသုံးပြုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းအတု ဖြန့်ဝေထားခြင်းအပေါ် Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!