BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သမ္မတရာထူးအတွက် ဒေါ်သက်သက်ခိုင်...
      သတင်းအတု

      သမ္မတရာထူးအတွက် ဒေါ်သက်သက်ခိုင် ဒေါ်လာ သန်း ၇၀၀ သုံးမယ်ဆိုတဲ့ သတင်းအမှား

      ပြည်သူ့ရှေ့ဆောင်ပါတီမှ ဥက္ကဌဖြစ်သူ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ ရာထူးအတွက် အမေရိကန် ဒေါ်လာ သန်း ၇၀၀ သုံးစွဲမယ်ဆိုပြီးရေးသားတဲ့သတင်းအမှားတစ်ခု ဒီရက်ပိုင်းထဲလူမှူကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  12 May 2020 8:02 PM IST
    • သမ္မတရာထူးအတွက် ဒေါ်သက်သက်ခိုင် ဒေါ်လာ သန်း ၇၀၀ သုံးမယ်ဆိုတဲ့ သတင်းအမှား

      ဒီသတင်းအမှားကို Moe Kyi Phyu ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်က မေလ ၉ ရက်နေ့ ည ၈ နာရီ ၇ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

      အဲ့ဒီရေးသားချက်ထဲက တစိတ်တပိုင်းကိုပြန်လည်ဖေါ်ပြရရင်

      "ဒီနှစ်ရွေးကောက်ပွဲမှာ ရွှေနန်းတော် စိန် ရွှေ ရတနာတိုက်ပိုင်ရှင် ဒေါ်သက်သက်ခိုင်မှ သမ္မတနေရာ ရာထူးအတွက် အမေရိကန်ဒေါ်လာ သန်း၇၀၀အသုံးပြုပြီး တနိုင်ငံလုံးမဲရုံများ နေရာအနှံ့ဖွင့်လှစ်ပြီး ဝင်ရောက် အရွေးခံ ယှဉ်ပြိုင်သွားမည်။ ဒေါ်သက်သက်ခိုင် ဆိုသူမှာ NLD ပါတီမှ ထုတ်ပယ်ခံထားရသူဖြစ်ပြီး ကိုယ်ပိုင်စည်းစိမ် ငွေကြေးဖြင့် ပါတီထောင်မည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဒေါ်စုအား အပြတ်ဖြုတ်မည်ဟု ကျိန်းဝါးထားသူလဲဖြစ်သည်" (စကားလုံး အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

      ဒါ့အပြင် ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်မှာ "ငွေလမ်းခင်း စည်းစိမ်တွေ အသုံးချပြီး သမ္မတရာထူးအတွက် ကြိုးပမ်းရင် နောင်တ ရနေလိမ့်မယ်" စတဲ့ သတိပေးစကား ဆန်ဆန် တွေလည်း ရေးသားထားပါတယ်။ လက်ရှိမှာ ဒီ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၁၀၀၀ နီးပါးရှိနေပြီး Comment ပေါင်း ၁၃၀၀ ကျော် ရှိနေပါတယ်။

      သတင်းဆန်းစစ်

      Moe Kyi Phyu ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတရာထူးအတွက် ဒေါ်လာ သန်း ၇၀၀ အသုံးပြုမယ်ဆိုတဲ့ သတင်းကို အချက်အလက်စစ်ဆေးဖို့ Boom Myanmar က ပါတီဥက္ကဌ ဖြစ်သူ ဒေါက်တာဒေါ်သက်သက်ခိုင်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ဒေါ်သက်သက်ခိုင်ဖြေကြားထားတဲ့အချက်အလက်တွေကို ဆက်လက်ဖတ်ရှူပါ။

      "အဲ့ဒါ လုံးဝ မဟုတ်ပါဘူးရှင့်။ ပြည်သူလူထုက ကျွန်မတို့ အပေါ်မှာ ထင်ကြေးက ဘာဖြစ်နေလဲ ဆိုတော့ ကျွန်မတို့က ကျွန်မကိုယ်တိုင်လည်း လုပ်ငန်းရှင် ဖြစ်တယ်။ ပြီးလို့ရှိရင် ကျွန်မတို့ ပါတီကလည်း စီးပွားရေး လုပ်ငန်းရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သုတေသီတွေနဲ့ ဖွဲ့စည်းတယ်။ ပြီးရင် ကျွန်မတို့က လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဓိက လုပ်မယ့် ပါတီဖြစ်တယ်။ ဒါ ကျွန်မတို့ရဲ့ အားသာချက်ပေါ့နော်။ အဲ့ဒါဆိုတော့ ပြည်သူလူထုဘက်က အထင်မှတ်မှားတာက ဘာလဲဆိုတော့ ငွေလမ်းခင်းပြီးတော့မှ ပါတီတစ်ခုကို တည်ဆောက်တယ်။ ပါတီတစ်ခုကို ငွေလမ်းခင်းပြီး သွားမယ်လို့ ယူဆနေတဲ့ သဘောမှာ ရှိတယ်ပေါ့နော်။ အဲ့လို ရှိတဲ့ အတွက်ကြောင့် ဒီသတင်းအမှားတွေဟာ မဟုတ်ပါဘူးလို့ ။အဲ့ဒါ တမင်သက်သက် ကျွန်မကို ပုံဖျက်တာပေါ့။ ကျွန်မ ပုံရိပ်ကို ပြည်သူကြားမှာ အထင်လွဲအောင် လုပ်တာပါ" လို့ ဒေါက်တာ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။

      ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ မဲဆွယ်စည်းရုံးကာလမှာ ငွေကြေးပမာဏ များပြားစွာ သုံးစွဲမယ်လို့ ဆိုတဲ့ရေးသားချက်နဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

      "အမှန်တော့ ပါတီရဲ့ ပုံရိပ်ကို တိုက်ခိုက်တဲ့သဘောပေါ့။ ကျွန်မတို့ရဲ့ ပြည်သူလူထု အပေါ် တကယ့်စေတနာနဲ့ မူဝါဒ မှန်မှန်ကန်ကန်နဲ့ တကယ့် ပညာရှင်တွေနဲ့ မူဝါဒ ရေးစွဲပြီးတော့မှ မူဝါဒနဲ့ လုပ်ငန်းစဉ် အတိအကျ ရှိတဲ့ ပါတီပေါ့နော်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်းလိုလို့ လုပ်တဲ့ ကျွန်မတို့ရဲ့ စေတနာကို ကျွန်မတို့က ငွေပေါလို့ပဲ ပါတီထောင်ပြီးမှ ကဖျက်ယဖျက် ဝင်လုပ်တယ်လို့ ပြောတာမျိုးကတော့ ပါတီပုံရိပ်ကို တိုက်ခိုက်တာပါ" လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ က ဆိုပါတယ်။

      Tags

      fake newsPPP PartyDaw Thet Thet Khaing
      Read Full Article
      Claim :   ပြည်သူ့ရှေ့ဆောင်ပါတီက၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတရာထူးအတွက် ဒေါ်လာ သန်း ၇၀၀ အသုံးပြုမယ်ဆိုတဲ့ သတင်းအမှားကို Boom Myanmar က ပါတီဥက္ကဌ ဖြစ်သူ ဒေါက်တာဒေါ်သက်သက်ခိုင်ကို ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!