BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖားကန့်ဖြစ်စဉ်ကိုအခြေခံပြီး...
သတင်းအတု

ဖားကန့်ဖြစ်စဉ်ကိုအခြေခံပြီး မုံရွာအောင်ရှင်အပေါ် သတင်းအမှားထပ်ဖြန့်

ကချင်ပြည်နယ် ဖားကန့်ဒေသက ဝေခါမှော်မှာ မြေစာပုံပြိုကျမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီက မုံရွာအောင်ရှင်အပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ သတင်းအမှားတစ်ခုထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  9 July 2020 8:10 PM IST
  • ဖားကန့်ဖြစ်စဉ်ကိုအခြေခံပြီး မုံရွာအောင်ရှင်အပေါ် သတင်းအမှားထပ်ဖြန့်

    ဒီသတင်းအမှားကို Mya Thaung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုကနေ ဇူလှိုင်လ ၄ ရက် ည ၈ နာရီ ၃၈ မိနစ်မှာ NLD ပါတီက မုံရွာအောင်ရှင် က ဖားကန့်မြေစာပုံ ပြိုကျပြီး ကွယ်လွန်သူတွေဟာ အစ္စလာမ်ဘာသာဝင်တွေ မဟုတ်လို့ အရေးမကြီးဘူးဆိုတဲ့ သဘောမျိုးသက်ရောက်စေတဲ့ အရေးအသားမျိူးနဲ့ ရေးသာဝေမျှထားတာဖြစ်ပါတယ်။

    အဲ့ဒီသတင်းအမှားထဲမှာ "ဖားကန့် မြေစာပုံ ပြိုကျတာမျိုးက အရင်ကလဲ ဖြစ်နေကျမျိုးပါ။ ဒီဟာက ကျွန်တော်တို့ပါတီက လုပ်တာလည်း မဟုတ်ဘူးလေဗျာ။ မိုးတွင်းကာလ တားထားတဲ့ကြားကနေ တရားမဝင် သွားလုပ်ကြတာပဲ။ ညက ဥက္ကဌလဲ ပြောပြီးသားပါ။ မလတ်တောင် မြေပြိုမှုမှာ ကျွန်တော်တို့ ချက်ချင်းသွားတယ်ဆိုတာ အစ္စလာမ် လူနည်းစုမို့မှာ။ အခုဖားကန့် မှာလို ကူညီသူတွေ များများစားစားလည်း မရှိကြဘူးလေ" ဆိုတဲ့စာသားကို အနီရောင်နောက်ခံနဲ့ Photoshop ပြုလုပ်ထားပြီး အဆိုပါ ဖန်တီးထားတဲ့ ပုံရဲ့ ထိပ်ပိုင်းမှာ NLD ဗဟိုပြန်ကြားရေး မုံရွာအောင်ရှင်ရဲ့ ဓါတ်ပုံကို ထည့်ထားပါတယ်။

    Mya Thaung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က အဆိုပါ ဖန်တီးထားတဲ့ ဓါတ်ပုံနဲ့အတူ "ပြောရက်လိုက်တာဗျာ အခုသေတာက ၁၃၅ တိုင်းရင်းသားစစ်စစ်အများစု မလတ်တောင်က ပထွေးတွေ" လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

    အဆိုပါ ဓါတ်ပုံကို တခြားဖေ့စ်ဘွတ်အကောင့်များစွာကလည်း ကူးယူပြီး ပြန်တင်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖားကန့်ဒေသ ဝေခါမှော်မှာ မြိုစာပုံပြိုကျခဲ့တာနဲ့ ပက်သက်ပြီး သတင်းအမှားဖြန့်ဝေထားမှုအပေါ် Boom Myanmar က အချက်အလက်စစ်ဆေးဖို့ သတင်းအမှားဖြန့်ဝေခံရတဲ့ ကာယကံရှင်ဖြစ်သူ NLD ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။

    အဆိုပါ ရေးသား ဖြန့်ဝေမှုနဲ့ ပက်သက်ပြီး " ကျွန်တော့် အဲ့ဒီ ဖားကန့်ကိစ္စနဲ့ ပက်သက်လို့ ဖြေတာ တစ်ချို့တော့ရှိတယ်။ ဒါပေမယ့် အဲ့ဒီလို ဖြေတာမျိုးတော့ တစ်ခုမှ မရှိဘူး။ အထူးသဖြင့် အစ္စလာမ်ဘာသာနဲ့ ပက်သက်ပြီးတော့ ရေးထားတာတွေ့တယ်။ အဲ့ဒါတွေကို ကျွန်တော်က မပြောခဲ့ဘူး" လို့ဆိုပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ မူရင်းပို့စ်ပိုင်ရှင်ရဲ့အောက်မှာ မုံရွာအောင်ရှင်ကိုယ်တိုင် သူပြောဆိုခဲ့ခြင်းမရှိကြောင်း Comment ဝင်ရောက်ရေးသားခဲ့ပြီး အဲ့ဒီရေးသားချက်ဟာ အချက်အလက်အမှားတွေ၊ လူတွေအမြင်လွဲနိုင်တဲ့ အကြောင်းအရာတွေကို လုပ်ကြံရေးသားထားတာလို့ဆိုပါတယ်။

    "တချို့ကလည်း ကျွန်တော်ပြောတယ်ထင်ပြီး ဆဲတာ၊ ပြုတာ ရှိတာပေါ့။ အဲ့ဒါကတော့ ကိစ္စမရှိပါဘူး။ ပြောချင်တာက တစ်အချက်ပေါ့လေ ဒီရွေးကောက်ပွဲ နီးလာတယ်။ နှစ် အချက်ကတော့ ကျွန်တော် လည်း သိပ်ပြောလာရပြီဆိုတဲ့ အခါကျတော့လေ။ သူတို့ ကျွန်တော့်ကို တိုက်ဖို့ Target က ပိုများလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ စောစောပိုင်းတုန်းကလည်း ဒေါက်တာဇော်မြင့်မောင်ကလည်း ကျန်းမာရေးကြောင့် မပြောနိုင်ဘူး။ မပြောနိုင်တဲ့အခါကျတော့ ကျွန်တော်ချည်းပဲ direct ပြောနေရတဲ့အခါကျတော့လေ အဲ့လို တိုက်ခိုက်တာပေါ့။ အခုကျတော့ ဆရာဇော်မြင့်မောင်လည်း အတော်တော့ ထွက်ပြောလာပြီဆိုတော့ တော်သေးတာပေါ့လေ။ သို့သော်လည်းပဲ သတိတော့ ထားရမယ်။"

    အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လာမယ်​့ရွေးကောက်ပွဲမှာ Online Campaign တစ်ခုပြုလုပ်ရန်စီစဉ်ထားပြီး အဲ့ဒီ Campaign မှာ လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းအမှားတွေတိုက်ဖျက်ဖို့ အစီအစဉ်လည်းပါဝင်မှာဖြစ်ကြောင်း မုံရွာအောင်ရှင်ကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ကလည်း Forward Media Group ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတု တစ်ခုမှာ နိုင်ငံတော် သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးဟာ NLD ပါတီကို နောက်ကျော ဓါးနဲ့ ထိုးနေသူ ဖြစ်တယ်လို့ မုံရွာအောင်ရှင်က ပြောခဲ့တယ်ဆိုပြီး သတင်းအမှား ဖြန့်ဝေမှု တစ်ခု ရှိခဲ့ပါတယ်။


    Tags

    fake newspolitically attackedMonywa Aung ShinMyanmar Jade mine landslideသတင်းအမှားဝေခါမှော်ဖားကန့်မြေပြိုမှုမုံရွာအောင်ရှင်ဘာသာရေးတိုက်ခိုက်မှု
    Read Full Article
    Claim :   ဖားကန့်ဒေသ ဝေခါမှော်မှာ မြိုစာပုံပြိုကျခဲ့တာနဲ့ ပက်သက်ပြီး သတင်းအမှားဖြန့်ဝေထားမှုအပေါ် Boom Myanmar က သတင်းအမှားဖြန့်ဝေခံရတဲ့ ကာယကံရှင်ဖြစ်သူ NLD ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!