BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Forbes မဂ္ဂဇင်းက...
သတင်းအတု

Forbes မဂ္ဂဇင်းက အီရန်ထိပ်တန်းခေါင်းဆောင်ကို ကမ္ဘာဩဇာအရှိဆုံးသူအဖြစ် ဖော်ပြခဲ့တယ်ဆိုတဲ့ သတင်းအတု

အီရန်ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ကို ကမ္ဘာဩဇာအရှိဆုံး သူတစ်ဦးအဖြစ် Forbes magazine ဖော်ပြခဲ့တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 April 2024 1:57 PM IST
  • Forbes မဂ္ဂဇင်းက အီရန်ထိပ်တန်းခေါင်းဆောင်ကို ကမ္ဘာဩဇာအရှိဆုံးသူအဖြစ် ဖော်ပြခဲ့တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုဟာ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ဓါတ်ပုံတစ်ပုံနဲ့ ပျံနှံ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီဓါတ်ပုံဟာ Forbes မဂ္ဂဇင်း မျက်ဖုံး ပုံစံပြုလုပ်ထားပြီး ၎င်းစာမျက်နှာမှာ အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ ရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဧပြီလ ၁၅ ရက်နေ့ ၂၀၂၄ ခုနှစ် ဆိုတဲ့ ရက်စွဲကို ဖော်ပြထားပါတယ်။ ဒီ Screenshot နဲ့အတူ Forbes မဂ္ဂဇင်းက " The Most Powerful Man in the World " လို့ ဂုဏ်ပြုပြီး မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့တယ်လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက် သုံးစွဲသူပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အီရန်ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ကို ကမ္ဘာဩဇာအရှိဆုံး သူတစ်ဦးအဖြစ် Forbes magazine ဖော်ပြခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီသတင်းအမှားဟာ အီရန်က အစ္စရေးကို ပြန်လည်တိုက်ခိုက်တဲ့အချိန်မှာပဲ အချိန်ကိုက် ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ခါမေနီကို ထောက်ခံသူတွေကြားမှာ ပျံနှံ့ခဲ့တာလည်း ဖြစ်ပါတယ်။ ခါမေနီဟာ အီရန်နိုင်ငံရဲ့ ဘုရင်စနစ်ကို တွန်းလှန်ခဲ့တဲ့ တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ် လူထုထောက်ခံမှု ရရှိထားတဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ သမ္မတရာထူးအထိလည်း တာဝန်ထမ်းဆောင်ခဲ့ပြီး အီရန်မှာ လူအများလေးစားကြည်ညိုရတဲ့ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

    ခါမေနီနဲ့ ပတ်သက်ပြီး ယခင်အချိန်က အနောက်နိုင်ငံတွေက ချီးကြူးမှုတွေ ရှိခဲ့ပေမယ့် အီရန်-အစ္စရေး အပြန်အလှန် ပစ်ခတ်မှုမှာတော့ မည်သည့် မဂ္ဂဇင်း ဂျာနယ်ကမှ ခါမေနီကို ဂုဏ်ပြုဖော်ပြခဲ့ခြင်းမျိုးမရှိသလို Forbes မဂ္ဂဇင်းကလည်း ဖော်ပြခဲ့ခြင်း မရှိပါဘူး။

    ဧပြီလနဲ့ မေလအတွက် အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ Forbes မဂ္ဂဇင်းနဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ထုတ်ဝေခဲ့တဲ့ Forbes မဂ္ဂဇင်းမျက်နှာဖုံးတို့ မှာလည်း ခါမေနီရဲ့ ပုံတွေ မပါဝင်ပါဘူး။ လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတဲ့ဓါတ်ပုံဟာ Photoshop နဲ့ ပြုပြင်ဖြန်ဝေထားတဲ့ပုံသာ ဖြစ်ပါတယ်။



    Tags

    Fake newsIran
    Read Full Article
    Claim :   Forbes မဂ္ဂဇင်းက အီရန်ထိပ်တန်းခေါင်းဆောင်ကို ကမ္ဘာဩဇာအရှိဆုံးသူအဖြစ် ဖော်ပြ
    Claimed By :  Facebook, X, Instagram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!