BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဂျာယန်ပြည်သူ့စစ်က...
      သတင်းအတု

      ဂျာယန်ပြည်သူ့စစ်က တအာန်းပလောင်လူမျိုးတွေကို ဖမ်းဆီးထားတဲ့ ဖြစ်စဉ်ကို KIA က ပြုလုပ်တယ်လို့ သတင်းအမှားဖြန့်

      လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာအနီးတဝိုက်မှာ စခန်းချလှုပ်ရှားတဲ့ ဂျာယန်ပြည်သူစစ်တွေက တအာန်းပလောင် လူမျိုးတွေကို ဖမ်းဆီးပြီး အတင်းအဓ္ဓမ စစ်မှုထမ်းခိုင်းတဲ့ ဖြစ်စဉ်ကို KIA က ပြုလုပ်တာဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  25 Feb 2023 8:16 PM IST
    • ဂျာယန်ပြည်သူ့စစ်က တအာန်းပလောင်လူမျိုးတွေကို ဖမ်းဆီးထားတဲ့ ဖြစ်စဉ်ကို KIA က ပြုလုပ်တယ်လို့ သတင်းအမှားဖြန့်

      အဆိုပါ သတင်းအမှားကို စစ်ကောင်စီအတွက် ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဖြန့်ဝေနေကြ တယ်လီဂရမ်ချန်နယ်တစ်ခုက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး စစ်ယွန်းမဒီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဖြန့်ဝေထားတာဖြစ်ပါတယ်။ ၎င်းသတင်းအမှားကို ဖြန့်ဝေရာမှာ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားသူများစွာက ခြံဝန်းတစ်ခုအတွင်းမှာ ထိုင်နေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး “KIA Vs TNLA အဖွဲ့တို့ အားပြိုင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို တပ်ားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “ပြီးခဲ့တဲ့ ၄ ရက်နေ့က KIA အဖွဲ့တွေနေတဲ့ စခန်းကို TNLA အဖွဲ့က အင်အား ၂၅၀ လောက်နဲ့ဝိုင်းပြီး KIA အဖွဲ့ဝင် ပလောင်လူမျိုး ၅၀ ဦးကို ဖမ်းဆီးဆောင်သွားတယ်။ ဘယ်လိုအကြပ်ကိုင်ပြီးခေါ်သွားသလဲဆိုတာကို ပြောပြမယ်။ KIA အဖွဲ့တွေနေတဲ့စခန်းကို TNLA အဖွဲ့တွေ ရောက်လာကြတယ်။ TNLA အဖွဲ့က KIA စခန်းထဲမှာ တာ၀န်ထမ်းဆောင်နေတဲ့ ပလောင်လူမျိုးတွေကို သူတို့ဆီ လွှဲပေးခိုင်းတယ်။ လွှဲမပေးဘူးဆိုရင် စခန်းကို ၀င်တိုက်မယ် လို့ ခြိမ်းခြောက်တယ်..” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဖြန့်ဝေနေကြသလို တယ်လီဂရမ်ချန်နယ်တွေကလည်း ဖြန့်ဝေနေကြပါတယ်။

      သတင်းဆန်းစစ်ချက်

      KIA က တအာန်းပလောင် လူမျိုးတွေကို ဖမ်းဆီးခေါ်ဆောင်သွားလို့ TNLA နဲ့ အခြေအနေ တင်းမာနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဒီဖြစ်စဉ်ဟာ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာအနီးတဝိုက်မှာ စခန်းချလှုပ်ရှားတဲ့ ဂျာယန်ပြည်သူစစ်တွေက တအာန်းပလောင် လူမျိုးတွေကို ဖမ်းဆီးပြီး အတင်းအဓ္ဓမ စစ်မှုထမ်းခိုင်းတဲ့ ဖြစ်စဉ်သာဖြစ်ပြီး KIA နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။

      အဆိုပါ ဂျာယန်ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ကလေးငယ်တွေအပါအဝင် တအာန်းပလောင် လူများရာဂဏာန်းကျော်ကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာဖြစ်ပါတယ်။

      ဒီဖြစ်စဉ်ကြောင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်မဟာ(၇)မှ အင်အား (၅၀၀)ကျော်က စစ်ကောင်စီတပ်လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး ဂျာယန်ပြည်သူ့စစ်ထဲမှာ ရှိနေတဲ့ တအာင်းလူမျိုးတွေကို ရွေးထုတ် ကယ်ဆယ်ခဲ့ပါတယ်။ ဒီလို ကယ်ဆယ်ခဲ့တဲ့အထဲမှာ အသက်မပြည့်သေးသူ ကလေးငယ် ၂၀ ဦးပါဝင်ပြီး စုစုပေါင်း ကျားမ ၁၂၇ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ TNLA က ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

      TNLA က ထုတ်ပြန်ချက်ကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


      သတင်းအမှားဖြန့်သူတွေက အဆိုပါ ထုတ်ပြန်ချက်ထဲက ဂျာယန်ပြည်သူ့စစ်နေရာမှာ KIA ဆိုတဲ့ စာသားတွေ ပြောင်းလဲပြီး ဖြန့်ဝေထားတာဖြစ်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီအတွက် ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsKIATNLAMilitary Coupစစ်ကောင်စီပြည်သူ့စစ်တအာန်းပလောင်
      Read Full Article
      Claim :   KIA အဖွဲ့တွေနေတဲ့ စခန်းကို TNLA အဖွဲ့က အင်အား ၂၅၀ လောက်နဲ့ဝိုင်းပြီး KIA အဖွဲ့ဝင် ပလောင်လူမျိုး ၅၀ ဦးကို ဖမ်းဆီးဆောင်သွား
      Claimed By :  Facebook, Telegram
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!