BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF တွေ အင်းစိန်ထောင်...
သတင်းအတု

PDF တွေ အင်းစိန်ထောင် ဝင်စီးတယ်ဆိုတဲ့ သတင်းအတု

အင်းစိန်အကျဉ်းထောင်ကို PDF တွေနဲ့ ပြည်သူတွေပေါင်းပြီးဝင်စီးတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  16 Jun 2022 7:49 PM IST
  • PDF တွေ အင်းစိန်ထောင် ဝင်စီးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို မြန်မာသတင်းဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၁ ရက်နေ့ ၁၂ နာရီ ၁၄ မိနစ်မှာ တင်ထားတာဖြစ်ပြီး Website တစ်ခုရဲ့ Link ကို ကူးယူဖော်ပြထားပါတယ်။ အဆိုပါ website သတင်းရဲ့ Feature Photo မှာ "PDF (၆) ဖွဲ့နဲ့ ပြည်သူ ၅၀၀ ကျော်ပေါင်းပြီး အင်းစိန်ထောင် ဝင်စီးခံရ။ ထောင်သားတွေ အကုန်လွတ်ပြီ" လို့ ရေးသားထားပါတယ်။ ၎င်း Website link ကို ဝင်ကြည့်တဲ့အခါမှာတော့ ၁၀ မိနစ်နဲ့ ၈ စက္ကန့်ရှိတဲ့ YouTube Video တစ်ပုဒ်ကို တင်ထားကာ "ကြမ်းကုန်ပြီဟေ့ ဘယ်ခွေးမှတားမရတော့ဘူး" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၈၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူတွေရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အင်းစိန်ထောင်ကို PDF (၆) ဖွဲ့နဲ့ ပြည်သူတွေဝင်စီးပြီး ထောင်သားတွေ လွတ်ပေးလိုက်ပြီလို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    အင်းစိန်ထောင်ကို မည်သည့် PDF အဖွဲ့ကမှ ဝင်စီးခြင်း မရှိသလို ထောင်သားတွေအကုန် လွတ်ပေးလိုက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒီသတင်းခေါင်းစဉ်မှာ အခုလို ရေးသားထားပေမယ့် သတင်းအတွင်းမှာ အဆိုပါ အကြောင်းအရာ လုံးဝ မပါဝင်ပါဘူး။

    ၎င်းတို့ တင်ထားတဲ့ YouTube Video ထဲမှာ တစ်ခြား သတင်းတွေကို နောက်ခံအသံရွတ်ဆိုပြီး ပြုလုပ်ထားတာကို တွေ့ရပါတယ်။ အဆိုပါ Video ထဲမှာ ပါဝင်တဲ့ သတင်းတွေက "စစ်ခေါင်းဆောင်ရဲ့ နေအိမ် ရာခိုင်နှုန်း ၇၀ ကျော်ရောင်းချထားကြောင်း NUG ပြောကြားဆိုတဲ့ သတင်း၊ ပေါက်မြို့နယ်က ပြည်သူ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး ဆိုတဲ့ သတင်း၊ မန္တလေးမြို့ပေါ် နေအိမ်တွေကို စစ်တပ်နဲ့ ရဲ့က ဝင်ရောက် ဖြိုဖျက်ဆိုတဲ့ သတင်း၊ ထောက်ကြံနယ်မြေ ရဲစခန်း Toxic Boy အဖွဲ့က ဗုံးဖောက်ခွဲတယ်ဆိုတဲ့ သတင်း၊ ကံကောမြို့နယ်မှာ စစ်ကောင်စီနဲ့ ၄ ရက်တိုက်ပွဲဖြစ် စစ်ကောင်စီက အင်အားရာချီသုံးနေ ဆိုတဲ့ သတင်း.." စတဲ့ အကြောင်းအရာတွေသာ ဖြစ်ပါတယ်။ အင်းစိန်ထောင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုမှ မပါဝင်ပါဘူး။

    အခုဖြန့်ဝေထားတဲ့ သတင်းအမှားဟာ သတင်းခေါင်းစဉ်မှာ လူအများဝင်ကြည့်အောင် ရေးသားထားပြီး ဝင်ရောက်ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရတဲ့ Clickbait သတင်းတွေသာ ဖြစ်ပါတယ်။

    Tags

    Fake newsInsein PrisonraidPDFsMilitaryCoupClickbaitသတင်းအတုအင်းစိန်ထောင်စစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   PDF (၆) ဖွဲ့နဲ့ ပြည်သူ ၅၀၀ ကျော်ပေါင်းပြီး အင်းစိန်ထောင် ဝင်စီးခံရ
    Claimed By :  facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!