BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD နိုင်ရင်...
သတင်းအတု

NLD နိုင်ရင် အစ္စလာမ်သာသနာရေးဝန်ကြီးရာထူး ပေးမယ်ဆိုတဲ့သတင်းအတု

ဒီရက်ပိုင်းအတွင်းမှာ NLD ပါတီအနိုင်ရရင် အစ္စလာမ်သာသနာ့ရေးရာ ဝန်ကြီးအဖြစ် ဒေါ်ဝင်းမြမြကို ခန့်အပ်မယ် ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ပျံနှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  17 Aug 2020 8:18 AM IST
  • NLD နိုင်ရင် အစ္စလာမ်သာသနာရေးဝန်ကြီးရာထူး ပေးမယ်ဆိုတဲ့သတင်းအတု

    အဲ့ဒီ သတင်းအမှားကို ဝတီနွယ် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က သြဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီ ၄၈ မိနစ်မှာ ရေးသားထားတာ ဖြစ်ပြီးတော့ ၎င်းသတင်းအမှားထဲမှာ "NLDပါတီမှ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော် တွင်ဝင်ရောက်အရွေးချယ်ခံမည့်ဒေါ်ဝင်းမြမြ (အစ္စလမ်ဘာသာဝင်) အနိင်ရရှိပါက NLDပါတီအစိုးရဖွဲ့လျှင် အစ္စလမ်း သာသနာရေး ဝန်ကြီ မန္တလေးဝန်ကြီးချုုပ်ဖြစ်တာဝန်ပေးမည်ဟုအိုလမာအစ္စလမ်အဖွဲမှသိရ" (စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ ဝတီနွယ် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ သတင်းအမှား စာသားများနဲ့အတူ ဓါတ်ပုံ ၄ ပုံကို ဖော်ပြထားပါတယ်။ ပထမ ဓါတ်ပုံမှာ အိုလမာ-အစ္စလာမ့် သာသနာ့ပညာရှင်များအဖွဲ့ချုပ် တံဆိပ်ပါတဲ့ ထုတ်ပြန်ချက် စာတစ်ဆောင်ဖြစ်ပြီး အဲ့ဒီစာရဲ့ နေ့စွဲမှာ ဇူလိုင်လ ၂၉ ရက်နေ့ ၂၀၂၀ လို့ နေ့စွဲတပ်ထားပါတယ်။ သတင်းအမှား ဖြန့်ဝေသူဟာ ထုတ်ပြန်ချက်စာကို အပြည့်အဝ မတင်ဘဲ အိုလမာ ဆိုတဲ့ Letter Head နေရာကနေ လိပ်စာနဲ့ နေ့စွဲနေရာထိသာ ဖြတ်ပြီး တင်ထားပါတယ်။ စာအောက်ပိုင်းကို ပေါ်ပြထားခြင်း မရှိပါဘူး။


    ကျန်တဲ့ ဓါတ်ပုံ ၃ ပုံမှာ ၂ ပုံ ဟာ မန္တလေးမြို့က NLD ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြရဲ့ ဓါတ်ပုံဖြစ်ပြီး တစ်ပုံမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဒေါ်ဝင်းမြမြတို့ တွဲရိုက်ထားတဲ့ ပုံ ဖြစ်ပါတယ်။ ကျန်ဓါတ်ပုံ ၁ ပုံ မှာ အစ္စလာမ်ဘာသာဝင်လို့ ယူဆရ သူ တစ်ဦအပါအဝင် NLD ပါတီရဲ့ ပင်နီ တိုက်ပုံ ဝတ်ထားသူ ၃ ဦး ရိုက်ထားတဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။

    အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၁၀၀ ကျော် ရှိနေပြီး တဆင့် ပြန်လည် ကူးယူဖော်ပြသူများလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဝတီနွယ်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ NLD ပါတီက အနိုင်ရရင် ဒေါ်ဝင်းမြမြကို မွတ်စလင် တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ဖို့ အိုလမာ (အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်) က ပြောခဲ့တယ်ဆိုတဲ့ သတင်းကို ဆန်းစစ်ဖို့ Boom Myanmar က အိုလမာအဖွဲ့ရဲ့ ဥပဒေအကြံပေး ဦးကျော်ငြိမ်းကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

    "ပထမဆုံး ပြောချင်တာကတော့ ကျွန်တော်တို့ အိုလမာ အဖွဲ့ချုပ်အနေနဲ့ အဲ့ဒီလို ထုတ်ပြန်ခြင်း လုံးဝမရှိပါဘူး ဆိုတာကို ယတိပြတ် ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်။ နောက်တစ်ခုကတော့ အစ္စလာမ်ဘာသာဝင် တစ်ဦး NLD ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှာထားခံရခြင်း အဲ့ဒါနဲ့ ပက်သက်ပြီး မျှော်လင့်ချက်ထားခြင်း၊ အဲ့ကိစ္စတွေနဲ့ ပက်သက်ရင်တော့ အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသား လူတိုင်းက မျှော်လင့်ချက်တွေတော့ ရှိမှာပဲ။ အဲ့လိုဆိုရင် အိုလမာ အဖွဲ့ချုပ် ကိုယ်တိုင်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေပဲ။ အဲ့လိုဆိုရင် စိတ်ထဲကနေ မျှော်လင့်ချက် ရှိကောင်း ရှိကြမှာပဲ။ သို့သော် ခုနကလို အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ်အနေနဲ့ဆိုရင်တော့ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေမှာ ဒီလိုမျိုး နိုင်ငံရေး သဘောဆန်သော ရည်ရွယ်ချက်၊ နိုင်ငံရေး သဘောဆန်သော ဦးတည်လှုပ်ရှားမှုမျိုး လုံးဝ မရှိတာက တစ်ကြောင်းပေါ့ဗျာ။ နောက်တစ်ခုက ဘာသာရေးသည် နိုင်ငံရေးနှင့် မပက်သက်ရ၊ ပက်သက်ရ ဆိုတာက ကျွန်တော်တို့က နက်နက်ရှိုင်းရှိုင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းတော့ မဟုတ်ဘူးပေါ့။ မဟုတ်တဲ့ တိုင်အောင် ဘာသာရေး ဆိုင်ရာ ကိစ္စရပ်တွေဟာ၊ နိုင်ငံရေးအလို့ငှာ ဘာသာရေးကို အသုံးချတယ် ဆိုတဲ့ ဆက်နွယ်မှု ငြိစွန်းမှုတွေ များတဲ့အတွက် အတော်လေး သတိထားပြီးတော့ ရပ်တည်ချက် ရှိပါတယ်။ အဲ့လို ရပ်တည်ချက် ရှိတယ်ဆိုတာ အစ္စလာမ့် အရေးကို လျှစ်လျူရှု့တယ်၊ လက်မထည့်ဘူး လို့ ဆိုတာမျိုး မဟုတ်ဘူး။ လိုအပ်တဲ့ ကိစ္စရပ်တိုင်း ဥပမာအားဖြင့် နိုင်ငံသား စိစစ်ရေးကဒ်ပြား အခက်အခဲတွေ သန်းခေါင်စာရင်း အဝင်အထွက် အခက်အခဲတွေ အလုပ်အကိုင် အခက်အခဲတွေမှာတော့ အများနည်းတူ ဥပဒေအတိုင်း ကျွန်တော်တို့ တင်ပြတယ်။ သို့သော် အခုပြောတဲ့ ကိစ္စရပ်မျိုးတွေမှာတော့ ကျွန်တော်တို့ မူအားဖြင့် ထုတ်ဖော် ကြေငြာခြင်း ပြောဆိုခြင်း လုံးဝမရှိဘဲ တစ်ယောက်စီရဲ့ ကိုယ်ပိုင် အခွင့်အရေး ရွေးချယ်ဆုံးဖြတ်ခွင့်လို့ သဘောထားပါတယ်ဗျ" လို့ အိုလမာအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် ဥပဒေအကြံပေး ဦးကျော်ငြိမ်းက Boom Myanmar ကို ပြောပါတယ်။

    NLD အနိုင်ရရင် မွတ်စလင် တိုင်းရင်းသားရေးရာ ဝန်ကြီး ခန့်အပ်မယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပက်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကလည်း Boom Myanmar ကို အခုလိုဖြေကြားထားပါသေးတယ်။

    "အဲ့ဒါ လုံးဝ မဟုတ်ပါဘူး။ ပထမ ပြောချင်တာက မဟုတ်ပါဘူးလို့။ ဒီဟာက ဒေါ်ဝင်းမြမြတို့ ကိုစည်သူမောင်တို့ ဆိုတာကလည်း သူ့အရည်ချင်းအရသူတို့ အရွေးခံရတာပါ။ သူ့ဒေသက လူထုက ကြိုက်လို့ ရွေးချယ်လို့ အရွေးခံရတာပါ။ နောက်တစ်ခုက ကျွန်တော်တို့ NLD အနေနဲ့က လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးခွဲခြားမှု ဘာမှ မရှိပါဘူး။ တကယ်တော်ရင် တော်တဲ့သူကို ကျွန်တော်တို့ နေရာပေးတဲ့ အစဉ်အလာ ရှိပါတယ်။ နောက်တစ်ခုက ခုနက ပြောသလိုပဲ မွတ်စလင်ရေးရာ ဘာရေးရာ၊ ညာရေးရာ ဝန်ကြီးဖွဲ့မယ်ဆိုတာလည်း မရှိပါဘူးလို့ အဲ့ဒါပဲ ကျွန်တော်ပြောချင်ပါတယ်" လို့ Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

    Tags

    Fake newsNLD winsIslam affair ministerသတင်းအတုNLD အနိုင်ရအစ္စလာမ်သာသနာရေးဝန်ကြီး
    Read Full Article
    Claim :   ဝတီနွယ်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ NLD ပါတီက အနိုင်ရရင် ဒေါ်ဝင်းမြမြကို မွတ်စလင် တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ဖို့ အိုလမာ (အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်) က ပြောခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အိုလမာအဖွဲ့ရဲ့ ဥပဒေအကြံပေး ဦးကျော်ငြိမ်းကို ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!