BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဟောလိဝုဒ် သရုပ်ဆောင်တွေက NLD...
သတင်းအတု

ဟောလိဝုဒ် သရုပ်ဆောင်တွေက NLD ပါတီကို ဝန်းရံပြီဆိုတဲ့ သတင်းအတု

၂၀၂၀ ပြည်လုံးကျွတ်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ယခုကာလအတွင်း မဟုတ်မမှန်တဲ့ ရေးသားဖော်ပြချက် ပါတီအချင်းချင်းကြားတိုက်ခိုက်ဖို့ သတင်းအမှားတွေဖန်တီးကြသလို တချိူ့သော ပါတီထောက်ခံသူတွေကြားထဲမှာလည်း သတင်းအမှားတွေဖန်တီးဝေမျှနေကြတာလည်းရှိပါတယ်။

By - Boom Live Myanmar |
Published -  7 July 2020 6:56 PM IST
  • ဟောလိဝုဒ် သရုပ်ဆောင်တွေက NLD ပါတီကို ဝန်းရံပြီဆိုတဲ့ သတင်းအတု

    ဒီရက်ပိုင်းထဲမှာပဲ NLD နဲ့ပတ်သက်ပြီး ဓါတ်ပုံအတုဖန်တီးထားတဲ့အကြောင်းအရာတစ်ခုပျံ့နှံ့ခဲ့ပါတယ်။

    ဇူလိုင်လ ၂ ရက်နေ့ မနက် ၈ နာရီ ၃၈ မိနစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကို နှစ်သက်ကြသည့် သူငယ်ချင်းများ ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ပြုပြင်ဖန်တီးထားတဲ့ ဓါတ်ပုံအတုနဲ့ အကြောင်းအရာတစ်ခုတင်ထားပါတယ်။ အဲ့ဒီအကြောင်းအရာထဲမှာ "ကမ္ဘာ့နာမည်ကြီး မင်းသား မင်းသမီးတွေရှိတဲ့ ဟောလိဝုဒ်က သရုပ်‌ဆောင်တွေ NLD ကို ဝန်းရံပြီ။ NLD ကိုမဲပေးပါ" လို့ ရေးသားဖော်ပြထားပြီး အခမ်းအနားတစ်ခုရဲ့ကော်ဇောနီပေါ်မှာ လမ်းလျှောက်နေတဲ့ မင်းသမီးတစ်ဦးရဲ့ ပုံကို ဖော်ပြထားပြီး အဆိုပါဓါတ်ပုံရဲ့ နောက်ခံ နံရံမှာ NLD ပါတီရဲ့ အလံတွေကိုထည့်သွင်းထားပါတယ်။ ပါတီအလံပုံရဲ့ အပေါ်နဲ့ အောက်မှာတော့ "ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ NLD ကို မဲပေးစို့" ဆိုတဲ့ စာတမ်းကို ရေးထားပါတယ်။

    အဆိုပါ ဓါတ်ပုံနဲ့အတူ ရေးသားဖော်ပြထားတဲ့ပိုစ့်ကို လူပေါင်း ၅၀၀ နီးပါးက ထပ်ဆင့်ဝေမျှထားပါတယ်။

    သတင်းဆန်းစစ်ချက်

    May Myat Noe Khin ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖော်ပြထားတဲ့ ကမ္ဘာ့နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေက NLD ပါတီကို ဝန်းရံပြီဆိုတဲ့ သတင်းကို Boom Myanmar က စစ်ဆေးကြည့်တဲ့အခါ Photo Lab Picture Editor ဆိုတဲ့ Application ကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဓါတ်ပုံဖြစ်ကြောင်း တွေ့ရပါတယ်။

    အဲ့ဒီ application ဟာ ဆိုရှယ်မီဒီယာပေါ်မှာ မိမိတို့ရဲ့ ဓါတ်ပုံကို အလှဓါတ်ပုံအဖြစ် ပြောင်းလဲပြီး အပျော်သဘောနဲ့ သုံးစွဲလေ့ရှိပြီး အသုံးပြုသူဟာ မိမိကြိုက်နှစ်သက်ရာ နောက်ခံဓါတ်ပုံကို ပြောင်းလဲအသုံးပြုနိုင်တဲ့ Background frame တွေ ပါဝင်ပါတယ်။

    အခု ဆိုရှယ်မီဒိယာပေါ်မှာ NLD ကို မဲပေးဖို့ ရေးသားထားတဲ့ ပိုစ့်ဟာ အဆိုပါ Application ကို အသုံးပြုပြီး ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။


    Tags

    Fake newsHollywood celebritiessupporting NLD partyဟောလိဝုဒ်သရုပ်ဆောင်NLD ပါတီသတင်းအတု
    Read Full Article
    Claim :   May Myat Noe Khin ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖော်ပြထားတဲ့ ကမ္ဘာ့နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေက NLD ပါတီကို ဝန်းရံပြီဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!