BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၈ ပေအရှည်ရှိတဲ့ ဩစတြေးလျက...
သတင်းအတု

၈ ပေအရှည်ရှိတဲ့ ဩစတြေးလျက ကင်းမြေများဆိုတာ တကယ်လား

အလွန်ကြီးမားတဲ့ ဧရာမ ကင်းခြေများတစ်ကောင် သွားနေတဲ့ Video တစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 July 2024 9:06 PM IST
  • ၈ ပေအရှည်ရှိတဲ့ ဩစတြေးလျက ကင်းမြေများဆိုတာ တကယ်လား

    အဆိုပါ Video ကို လူမှုကွန်ယက် စာမျက်နှာအသီးသီးက အသုံးပြုသူတွေက ဖြန့်ထားကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဖြန်ကဝေကြရာမှာ မြက်ခင်းအစပ်က မြေလမ်းလေးမှာ ဧရာမ ကင်းခြေများတစ်ကောင် လျှောက်သွားနေတဲ့ Video ကိုတင်ပြီး ဖြန့်ထားကြတာ ဖြစ်ပါတယ်။ ဒီ Video ကိုလည်း “ဩစတြေးလျက ဧရာမ ကင်းခြေများ” ၊ “Arthropleura ဆိုတဲ့ ၈ ပေအရှည် ရှိတဲ့ အကြီးစား ပိုးကောင်တစ်မျိုး” စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖြန့်ထားကြပါတယ်။

    မူရင်း Video ကို ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ Video ကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အလွန်ကြီးမားတဲ့ ၈ ပေအရှည်ရှိတဲ့ ဧရာမ ကင်းခြေများတစ်ကောင် သွားနေတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Video အတု တစ်ပုဒ်ဖြစ်တာကို တွေ့ရပါတယ်။

    Video ထဲမှာ ဖော်ပြထားတဲ့ Arthropleura ဆိုတဲ့ ဧရာမကင်းခြေများ မျိုးစိတ်ဟာ အရှည် ၈ ပေ (၂.၄ မီတာ) အထိကြီးထွားနိုင်ပါတယ်။ ဒီအမျိုးအစားဟာ ရှေးသံခေတ်ကာလ ရှိခဲ့ပြီး သုတေသန စစ်တမ်းများအရ ၎င်းမျိုးစိတ်ဟာ ဖျောက်ပျက်သွားပြီဖြစ်ပါတယ်။

    မူရင်း Video ထဲမှာ ကင်းခြေများတဲ့ အရောင်နဲ့ နောက်ခံအရောင်တွေဟာ သဘာဝ ပုံစံနဲ့ အနည်းငယ်ကွာခြားကာ အရောင်အလင်းအမှိန် သေသပ်ခြင်း မရှိပါဘူး။ ဒါ့အပြင် ကင်းခြေများရဲ့ လမ်းလျှောက်ပုံဟာ Animation တွေ လွဲမှားနေပါတယ်။

    ဒါ့အပြင် Video ထဲမှာ Run Way ဆိုတဲ့ watermark ပါဝင်နေပါတယ်။ Run Way ဆိုတာ Ai နဲ့ Video တွေ ထုတ်ပေးတဲ့ Website တစ်ခုသာ ဖြစ်ပြီး အခု Video ဟာ Run Way ကနေ Ai နဲ့ ဖန်တီးထားတဲ့ Video တစ်ပုဒ်သာဖြစ်ပါတယ်။

    Tags

    Fake newsAI-generated videoGiant CentipedeArthropleuraကင်းမြေများvideo အတု
    Read Full Article
    Claim :   ဩစတြေးလျက ဧရာမ ကင်းခြေများ
    Claimed By :  X, Threads, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!