BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သရုပ်ဆောင် George Clooney က ထရမ့်...
သတင်းအတု

သရုပ်ဆောင် George Clooney က ထရမ့် ရွေးကောက်ပွဲ အနိုင်ရလို့ US က ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းအတု

နာမည်ကျော် သရုပ်ဆောင် George Cloney က US ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရလို့ နိုင်ငံတွင်းက ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 Dec 2024 9:47 PM IST
  • သရုပ်ဆောင် George Clooney က ထရမ့် ရွေးကောက်ပွဲ အနိုင်ရလို့ US က ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို SpaceX Fanclub ဆိုတဲ့ Page တစ်ခုက စတင်ဖြန့်ထားတာဖြစ်ပြီး တစ်ခြား လူမှုကွန်ယက်သုံးစွဲသူတွေက ဆက်လက် ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားထဲမှာ ထရမ့်အနိုင်ရခဲ့တဲ့ အနီရောင်လှိုင်းကြောင့် George Colney က အမေရိကကနေ အပြီးထွက်ခွာတော့မယ် လို့ ရေးသားထားပါတယ်။ တစ်ခြားရေးသားမှုတွေမှာတော့ ထရမ့်အနိုင်ရလို့ နာမည်ကြီး သရုပ်ဆောင်တွေ အမေရိက ကနေ ထွက်ခွာနေကြပြီလို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    နာမည်ကျော် သရုပ်ဆောင် George Cloney က US ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရလို့ နိုင်ငံတွင်းက အပြီး ထွက်ခွာတော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား သက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

    George Cloney ဟာ နာမည်ကျော် သရုပ်ဆောင် တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ ပြင်ပမှာ ပိုင်ဆိုင်မှုတွေ ရှိပေမယ့် နိုင်ငံတွင်းက ထွက်ခွာသွားခြင်းတော့ မရှိပါဘူး။ ဒီအကြောင်းအရာကို မည်သည့် သတင်းဌာနမှာမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။

    ဒီအကြောင်းအရာကို စဖြန့်တဲ့ SpaceX Fanclub ဆိုတဲ့ page ကလည်း ဒါဟာ သရော်စာအနေနဲ့ ရေးထားတာ ဖြစ်တယ်လို့ ဖော်ပြထားပြီး နောက်ပိုင်း ပြန်လည်ယူတင်သူတွေက သတင်းအစစ်ထင်ပြီး ထပ်မံဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    အခုဖြန့်ထားကြတဲ့ သတင်းအပေါ် နိုင်ငံတကာ သတင်းဌာနတွေက အချက်အလက် စစ်ဆေးထားတဲ့ အကြောင်းအရာကိုလည်း ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

    အဆိုပါ သတင်းဟာ ခေါင်းစဉ်နဲ့ ပုံတွေမှာ လူအများဝင်ကြည့်အောင် ရေးသားထားတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

    Read Full Article
    Claim :   George Cloσney Leaves The US Permanently, Shifts To EngƖand
    Claimed By :  Facebook, X, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!