BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဥပဒေနှင့်မညီဘဲ...
သတင်းအတု

ဥပဒေနှင့်မညီဘဲ အာဏာသိမ်းယူခဲ့ကြောင်း ဇော်မင်းထွန်း ဝန်ခံမထားပါ

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ ဥပဒေနဲ့မညီဘဲ အာဏာသိမ်းယူခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ရေးသားဖြန့်ဝေနေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  13 Feb 2022 8:56 AM IST
  • ဥပဒေနှင့်မညီဘဲ အာဏာသိမ်းယူခဲ့ကြောင်း ဇော်မင်းထွန်း ဝန်ခံမထားပါ

    ဒီသတင်းကို ဖော်ဖေါ်ဝါရီ ၃ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူအများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ "အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တစ်စုက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တိုင်းပြည်ရဲ့ အာဏာကို ခေတ္တထိန်းသိမ်းခဲ့ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားချက်တွေအရ စစ်တပ်ဟာ အာဏာသိမ်းယူမှုကို ဥပဒေနဲ့အညီ မဟုတ်ဘဲ ထင်သလို ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ညပိုင်းကတည်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း၊ နောက်နေ့မနက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာလွှဲပြောင်းတဲ့ပုံစံဖြစ်အောင် ကာလုံကို ဟန်ပြခေါ်ယူပြီး ဦးမြင့်ဆွေကို ယာယီသမ္မတအနေနဲ့ အာဏာလွှဲပြောင်းရေးလုပ်ခဲ့တာလို့ ဝန်ခံပြောကြားသွားခဲ့ကြောင်း၊ စစ်တပ်ကလက်ကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုပါက ကာလုံကို ဦးစွာခေါ်ယူရမည် ဖြစ်ပြီး နိုင်ငံတော်သမ္မတက အရေးပေါ်အခြေနေအဖြစ် အာဏာကိုအပ်နှင်းမှသာ စစ်တပ်က အာဏာလွှဲပြောင်း ရယူခွင့်ရှိမှာဖြစ်ကြောင်း၊ ယခုအင်တာဗျူး ဖြေကြားချက်ဟာ အကြမ်းဖက်စစ်တပ်က ရွေးကောက်ခံ ပြည်သူ့အစိုးရ အကြီးအကဲခေါင်းဆောင်တွေကို ဥပဒေနဲ့ မညီဘဲ မတရားဖမ်းဆီးကာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ သက်သေ အထောက်အထားတစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်းနဲ့ ဒါဟာ အကြမ်းဖက်စစ်တပ်အနေနဲ့ တရားမဝင် အာဏာသိမ်းယူမှုကို ပထမဆုံးအကြိမ် ဝန်ခံပြောကြားလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုကြောင်း" ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်း အစပြုခဲ့တဲ့ ဘီဘီစီသတင်းဌာနမှာ ဖေဖေါ်ဝါရီ ၂ ရက်နေ့က ဖော်ပြထားတဲ့ "အာဏာသိမ်းနေ့စွဲတွေအကြောင်း တပ်ဘက်က ပြန်ပြောပြချက်" ဆိုတဲ့ သတင်းကို ဝင်ရောက်ကြည့်ရှု့ခဲ့ရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်ထဲမှာ ဥပဒေနဲ့မညီဘဲ အာဏာသိမ်းယူခဲ့တာကို တိုက်ရိုက်ဝန်ခံတာမျိုး မတွေ့ရတဲ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ညပိုင်းကတည်းက ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့လည်း ပြောဆိုထားတာ မရှိပါဘူး။

    ဒါပေမယ့် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ အဖြေထဲမှာ "သီးသန့်ကြိုတင်ပြင်ဆင်ထားတာ မရှိပဲ ညပိုင်းအချိန်မှပဲ နိုင်ငံတော်တာဝန်ကို ထိမ်းသိမ်းလိုက်ရတယ်" လို့ ဖြေကြားထားသလို နောက်ပိုင်းမှာ "နေပြည်တော်မှာ ရှိတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေကို မနက်ပိုင်း အကြောင်းကြားခဲ့ပြီးမှ အရေးပေါ် ဆောင်ရွက်ရတာဖြစ်တယ်" ဆိုတဲ့ ရှေ့နောက်မညီတဲ့ ဖြေကြားချက်တွေ ရှိခဲ့ပါတယ်။

    ရုပ်သံဖိုင်ရဲ ၄း၁၁ မိနစ်အချိန်မှာ "ကြိုတင်ပြင်ဆင်မထားဘူးဆိုပေမယ့် နိုင်ငံတဝန်းဖမ်းဆီးမှုတွေကို ချက်ချင်းဘယ်လို လုပ်ခဲ့သလဲ" ဆိုတဲ့ ဘီဘီစီသတင်းဌာနရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရမှာ "စီစဉ်တကျလုပ်ထားတယ်လို့ လူတွေက ယူဆထားကြပေမယ့် ကျွန်တော်တို့ နောက်ဆုံး မျှော်မှန်းခဲ့တာက စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးလမ်းကြောင်း ဖြစ်မယ်လို့ မြင်ခဲ့တယ်။ အခြေခံဥပဒေတိုင်းပဲ ဖြစ်မယ်လို့ မြင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ သီးသန့်ကြိုတင်ပြင်ဆင်ထားတာ မရှိပဲ ညပိုင်းအချိန်မှပဲ နိုင်ငံတော်တာဝန်ကို ထိမ်းသိမ်းလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ပြီးရင်ကျနော်တို့ ကာလုံမှာတော့ သမ္မတ အဲ့တုန်းကတော့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ကတော့ နေပြည်တော်မှာ ရှိနေပါတယ်။ အဲ့ဒါကြောင့် မနက်ပိုင်းမှာမှ အကြောင်းကြားရတယ်။ အကြောင်းကြားပြီး မနက်ပိုင်းမှာမှ ကျနော်တို့ အရေးပေါ်ဆောင်ရွက်ရတာဖြစ်ပါတယ်။" လို့ ပြောကြားထားပါတယ်။


    ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ခုဖြန့်ဝေနေတဲ့ ဥပဒေနှင့်မညီဘဲ အာဏာသိမ်းယူခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံတယ်ဆိုတာ ဘီဘီသတင်းဌာနရဲ့ အင်တာဗျူးအပေါ် အခြေခံထားတဲ့ တစ်ဦးတစ်ယောက်ရဲ့ အမြင်သာဖြစ်ပြီး ပို့စ်မှာရေးသားထားသလို ဥပဒေနဲ့မညီပဲအာဏာသိမ်းခံတယ်ဆိုတဲ့ပုံစံမျိုးကို စစ်တပ်ဘက်က တိုက်ရိုက် ဝန်ခံထားတာတော့ မရှိပါဘူး။

    Tags

    coup was illegalGeneral Zaw Min Tun admittedMilitary CoupMyanmar militaryအာဏာသိမ်းFakenews
    Read Full Article
    Claim :   ဥပဒေနှင့်မညီဘဲ အာဏာသိမ်းယူခဲ့ကြောင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!