BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကင်းလှည့်နေတဲ့ စစ်ကားကို...
သတင်းအတု

ကင်းလှည့်နေတဲ့ စစ်ကားကို မီးရှို့တယ်ဆိုတဲ့ သတင်းအတု

ကင်းလှည့်နေတဲ့ စစ်ကားကို လှိုင်သာယာက လူမိုက်ကြီးအဖွဲ့က မီးရှို့လိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဒီရက်ပိုင်းထဲပျံ့နှံ့လာခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  11 July 2022 5:54 PM IST
  • ကင်းလှည့်နေတဲ့ စစ်ကားကို မီးရှို့တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Elvis Curz ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက တင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "လှိုင်သာယာလူမိုက်ကြီးအဖွဲ့ပွဲကြမ်းနေပါပြီ" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားကာ website တစ်ခုရဲ့ Link ကို Share ထားပါတယ်။ အဆိုပါ Website link ရဲ့ ဓါတ်ပုံပေါ်မှာ "လှိုင်သာယာ လူမိုက်ကြီးအဖွဲ့ ပွဲကြမ်းပြီဗျို့။ ကင်းလှည့်နေတဲ့ စစ်ကားကို မီးရှို့လိုက်ပြီ။ စစ်ကားထဲ စစ်ခွေး (၅) ကောင် ပြာကျသွားပြီ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်း link ကို နှိပ်ကြည့်လိုက်တဲ့အခါမှာ Website အတွင်းရောက်သွားပြီး အဲ့ဒီ website သတင်းအတွင်းမှာ ၇ မိနစ်ကျော် ကြာမြင့်တဲ့ YouTube Video တစ်ပုဒ်တင်ထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ကူးယူဖော်ပြခြင်း ထပ်ဆင့်မျှဝေခြင်းတွေ ရှိနေပြီး YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူ ၁၅၀၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီရက်ပိုင်းအတွင်းမှာရော လွန်ခဲ့တဲ့ လပိုင်းတွေ အတွင်းမှာရော လှိုင်သာယာအပါအဝင် ရန်ကုန်မြို့တစ်ဝိုက်မှာ စစ်ကားမီးရှို့ခံရတဲ့ ဖြစ်စဉ်မရှိသလို မည်သည့် သတင်းဌာနကမှလည်း ဒီအကြောင်းအရာကို ဖော်ပြထားခြင်း မရှိပါဘူး။ လက်ပစ်ဗုံးနဲ့ ပစ်ခံရတဲ့ ဖြစ်စဉ်အချို့တော့ ရှိပါတယ်။ ဇူလှိုင်လ ၁၀ ရက်နေ့မှာ Burmese Rangers Army – LDF UG ဆိုတဲ့ အဖွဲ့က လှိုင်သာယာမြို့နယ်အတွင်းကင်းလှည့်နေတဲ့ စစ်ကားတစ်စီးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်သား ၂ ဦး သေဆုံးနိုင်တယ်လို့ ခန့်မှန်းကြောင်း ခေတ်သစ်သတင်းဌာနကို အင်တာဗျုးဖြေထားပါတယ်။ အခု သတင်းအမှားဖြန့်သူတွေ ပြောသလို စစ်ကားကို လူမိုက်ကြီးတွေ အဖွဲ့က မီးရှို့တဲ့ ဖြစ်စဉ်မျိုးမရှိသလို လှိုင်သာယာ လူမိုက်ကြီးအဖွဲ့ဆိုတဲ့နာမည်နဲ့လည်း အဖွဲ့ရှိမနေပါဘူး။ ခေတ်သစ်နဲ့ RiSE News တိုတဲ့ တင်ထားတဲ့ စစ်ကားကို ဗုံးနဲ့ တိုက်ခိုက်တဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာ မှာဖတ်ပါ။

    ၎င်းတို့ဖြန့်ထားတဲ့ YouTube Video ထဲမှာလည်း ခေါင်းစဉ်မှာသာ စစ်ကားကို လူမိုက်ကြီးတွေ မီးရှို့တာလို့ ဖြန့်ထားပေမယ့် သတင်းအမှားအတွင်းမှာတော့ လှိုင်သာယာစက်မှုဇုန်မှာ ကင်းလှည့်နေတဲ့ စစ်ကားကို ဗုံးနဲ့ပစ်သွင်းခံရတယ်ဆိုတဲ့ ခေတ်သစ်သတင်းမှာ ဖော်ပြထားတဲ့ သတင်း၊ အမေရိကန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ သတင်း၊ ထားဝယ်ခရိုင်လောင်းလုံမှာ စစ်တပ်သတင်းပေးသူကို ဝင်ရောက်ပစ်ခတ်ရာ ကလေးငယ်တစ်ဦး သေဆုံးသွားတယ်ဆိုတဲ့သတင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်ရှိ မင်းတပ်မြို့ကို လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်တွေ ရမ်းသမ်းပစ်ခတ် ဆိုတဲ့သတင်း၊ မုံရွာ 929 ဆိပ်ကမ်းမှာ ဆီတင်သင်္ဘော ၂ စီး မီးလောင်တယ်ဆိုတဲ့သတင်း စတဲ့ အကြောင်းအရာတွေသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်သူတွေဟာ ၎င်းတို့ သတင်းအမှားကို ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ ခေါင်းစဉ်တွေတပ်ထားပြီး ကြည့်ရှု့သူများလာတဲ့အခါ ဝင်ငွေပြန်ရအောင် ပိုက်ဆံရှာနေတဲ့ Clickbaits အဖွဲ့တစ်ခုသာ ဖြစ်ပါတယ်။

    Tags

    fake newsgangs in Hlaing Thar Yarset firemilitary patrol carCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   လှိုင်သာယာ လူမိုက်တွေ ကင်းလှည့်နေတဲ့ စစ်ကားကို မီးရှို့
    Claimed By :  facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!