BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ...
      သတင်းအတု

      စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

      စစ်ကောင်စီက ပြန်လည်ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar | 15 Jan 2023 4:00 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Krovan Kamsan ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရေးတင်ထားတာဖြစ်ပြီး ၁၃ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးအထူး သံတမန် သောမတ်အန်ဒရူးရဲ့ ဓါတ်ပုံကို ယှဉ်တွဲ ဖော်ပြထားပြီး ၎င်းဓါတ်ပုံအပေါ်မှာ "မအလရဲ့ နေဝင်ချိန် ကြေညာလိုက်ပြီ။ (၉) ရက်နေ့ ရွေးကောက်ပွဲ ဖျက်သိမ်းခံရ။ စစ်အုပ်စု ငါးပါးမှောက်ပြီ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ "မအလရဲ့ နေဝင်ချိန် ကြေညာလိုက်ပြီ" လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖော်ပြမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို like လုပ်ထားသူ ၉၉၀၀၀ ကျော်ရှိကာ လူ တစ်သန်းခွဲခန့်က ဝင်ရောက်ကြည့်ရှု့ထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာဖြန့်ဝေထားတာကို တွေ့ရပါတယ်။

      စစ်ကောင်စီတပ်တွေဟာ ရွေးကောက်ပွဲကျင်းပဖို့ အတင်းအကျပ်စီစဉ်နေပြီး ရန်ကုန်မြို့မှာ အိမ်ထောင်စုစာရင်းတွေ အသည်းအသန် ကောက်ယူနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တရားမဝင်ကြောင်း ပူးပေါင်းဆောင်ရွက်ခြင်း မလုပ်ကြဖို့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေက နေစဉ်ပြောကြားနေဆဲသာဖြစ်ပြီး စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲ ကို အတင်းအကြပ်စီစဉ်နေဆဲသာ ဖြစ်ပါတယ်။

      သတင်းအမှားဖြန့်သူတွေ သုံးထားတဲ့ ဓါတ်ပုံထဲက ကုလလူ့အခွင့်အရေးအထူး သံတမန် သောမတ်အန်ဒရူးဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အလိမ်အညာတွေဟာ မဲခိုးဖို့ သက်သက်သာ ဖြစ်တယ်လို့ သတိပေးပြောဆိုမှုတွေ ပြုလုပ်ထားပါတယ်။ ရွေးကောက်ပွဲ ဖျက်သိမ်းဖို့ အမိန့်ပေးပြောကြားထားတာတော့ မရှိသလို စစ်ခေါင်းဆောင်ဘက်ကလည်း ဒီရွေးကောက်ပွဲကို မရမက စီစဉ်နေဆဲသာ ဖြစ်ပါတယ်။

      စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အလိမ်အညာ မဲခိုးဖို့သာ ဖြစ်တယ်လို့ သောမတ်အန်ဒရူး ပြောထားတဲ့ သတင်းကို အောက်ပါ link မှာဖတ်ပါ။

      UN expert slams upcoming 'fraud' election in Myanmar


      ဒါ့အပြင် ဒီ Video ဟာ သတင်းအမှားဖြန့်သူတွေကိုယ်တိုင် ပြုလုပ်ထားတဲ့ Video မဟုတ်ဘဲ Mizzima သတင်းဌာနက ဖော်ပြထားတဲ့ သတင်းခန်း စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းနဲ့ ကိုနောင်နောင်တို့ရဲ့ Editorial Talk video ကို ခိုးယူကာ ၎င်းတို့ ဓါတ်ပုံတွေနဲ့ ပေါင်းပြီး စာသားတွေ ပြောင်းကာ ပြန်လည်ဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။ Mizzima ရဲ့ YouTube မှာ ၎င်း Video ကို ဝင်ရောက်ကြည့်ရှု့သူ ၁ သိန်းကျော်သာရှိပြီး သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ကိုတော့ ဝင်ရောက်ကြည့်ရှု့သူ ၁ သန်းခွဲကျော်ရှိကာ (၁၅) ဆခန့် ပိုများနေတာကို တွေ့ရပါတယ်။ Mizzima က တင်ထားတဲ့ YouTube Video ကို ဒီမှာကြည့်ပါ။

      ဒီသတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်ပြီး သတင်းဌာနတွေက တင်တဲ့ video ထဲက အသံဖိုင်တွေကို ခိုးယူကာ Clickbaits သတင်းတွေ ဖြန့်နေတာတွေ့ရပါတယ်။

      Clickbaits သတင်းဖြန့်သူတွေဟာ UN နဲ့ အမေရိကန်တို့က မြန်မာအရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုခု ပြုလုပ်တိုင်း အဆိုပါ ခေါင်းစဉ်တွေကို ယူကာ လူအများဝင်ရောက်ကြည့်ရှု့အောင် လိမ်ညာရေးသားပြီး ဖြန့်ဝေလေ့ရှိပါတယ်။ အမေရိကန်က မြန်မာ့ဒီမိုကရေစီအရေးကို ကူညီပေးမယ့် Burma Art ကို အောက်လွတ်တော်၊ အထက်လွတ်တော်ကနေမဲခွဲပြီး သမ္မတလက်မှတ်ရေးထိုးလိုက်ပြီးတဲ့ နောက်ပိုင်းမှာ Clickbaits သတင်းဖြန့်သူတွေက "စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပြီ၊ မြန်မာကို R2P ဝင်ပြီ၊ ရွေးကောက်ပွဲ ဖျက်ဖို့ အမိန့်ပေးပြီ" စတဲ့ သတင်းခေါင်းစဉ်တွေနဲ့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ရာဇသံပေးထားတဲ့ပုံစံတွေ ဆက်တိုက်ဖြန့်ဝေလာတာ တွေ့ရပါတယ်။

      Tags

      Fake news Military Coup Election Fraud Clickbaits United Naiton သတင်းအတု စစ်ကောင်စီ အာဏာသိမ်း ရွေးကောက်ပွဲ 
      Read Full Article
      Claim :   ၉ ရက်နေ့ ရွေးကောက်ပွဲ ဖျက်သိမ်းခံရ။ စစ်အုပ်စု ငါးပါးမှောက်ပြီ
      Claimed By :  Facebook, YouTube
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      We use cookies for analytics, advertising and to improve our site. You agree to our use of cookies by continuing to use our site. To know more, see our Cookie Policy and Cookie Settings.Ok
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!