သမ္မတဟောင်း ဦးဝင်းမြင့် ပြန်လွတ်လာပြီဆိုတဲ့ သတင်းအတု
သမ္မတဟောင်း ဦးဝင်းမြင့် ပြန်လွတ်လာပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအတုကို TikTok အကောင့်တစ်ခုက ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ရဲ့ ဓါတ်ပုံတွေကို သုံးထားပြီး Video ပေါ်မှာ “ဦးဝင်းမြင့် ဒီနေ့ပဲ ပြန်လွတ်လာပြီ။ NUG သမ္မတရုံးဝန်ကြီး အတည်ပြုပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို Facebook ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ ထပ်ဆင့်ဝေမျှထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
သမ္မတဟောင်း ဦးဝင်းမြင့် ပြန်လွတ်လာကြောင်း NUG သမ္မတရုံးက အတည်ပြုပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီက သမ္မတဟောင်း ဦးဝင်းမြင့်ကို ဖမ်းဆီးထားဆဲ ဖြစ်ပြီး ပြန်လွတ်ပေးခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင်ဒီအကြော င်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထာ းတဲ့အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။



