BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဦးသိန်းစိန်ကို နေပြည်တော် PDF က...
သတင်းအတု

ဦးသိန်းစိန်ကို နေပြည်တော် PDF က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအတု

သမ္မတဟောင်း တစ်ဦး ဖြစ်သူ ဦးသိန်းစိန်ကို နေပြည်တော် PDF အဖွဲ့က ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  29 Nov 2022 8:29 PM IST
  • ဦးသိန်းစိန်ကို နေပြည်တော် PDF က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါသတင်းအတုကို တော်လှန်ရေးအဖွဲ့လို့ အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၄ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ သတင်းကြေညာနေတဲ့ သတင်းဌာန တစ်ခုက ဓါတ်ပုံကို အသုံးပြုထားပြီး ၎င်းဓါတ်ပုံရဲ့ အပေါ်မှာ "သမ္မတဟောင်း ဦးသိန်းစိန် နေပြည်တော် PDF အဖွဲ့ဖမ်းဆီး ဗိုလ်ချုပ်တွေ တုန်လှုပ်ကုန်ပြီဗျို့" လို့ ရေးသားထားပါတယ်။ Video ကို လူမှုကွန်ယက် ပေါ်ဖြန့်ဝေရာမှာ "သမ္မတဟောင်း ဦးသိန်းစိန် ဖမ်းဆီးခံရ" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို Like လုပ်ထားသူ ၁၁၀၀ နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၅၂၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    သမ္မတဟောင်း ဦးသိန်းစိန်ကို နေပြည်တော် PDF အဖွဲ့က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီ သတင်းအတုဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ နောက်ခံ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားထားခြင်းမျိုး ဖြစ်ပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်ဟာ ဖမ်းဆီးခံရခြင်း မရှိသလို မည်သည့် PDF အဖွဲ့ ၊ မည်သည့် သတင်းဌာနကမှလည်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။

    ဒါ့အပြင် သတင်းအမှား Video အထဲမှာလည်း ခေါင်းစဉ်မှာ ပြောထားသလို ဦးသိန်းစိန် အကြောင်းမပါဝင်ပါဘူး။ ဒီ Video ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အကြောင်းနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ မြန်မာပြည်သူတွေအပေါ် နှိပ်စက်မှု ဖိနှိပ်မှုတွေကို ပြောထားတဲ့ သတင်းသာ ပါဝင်ပါတယ်။ ဦးသိန်းစိန်အကြောင်း လုံးဝ မပါဝင်ပါဘူး။

    အဆိုပါ သတင်းအမှားဖြန့်တဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsformer president Thein SeinMilitaryCoupသတင်းအတုစစ်ကောင်အာဏာသိမ်းClickbaits
    Read Full Article
    Claim :   သမ္မတဟောင်း ဦးသိန်းစိန်ကို နေပြည်တော် PDF က ဖမ်းဆီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!