BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Lion Battalion စစ်ကြောင်းက ဥူးကေသရ...
သတင်းအတု

Lion Battalion စစ်ကြောင်းက ဥူးကေသရ ခေါ် ရဲဘော်စောဂျော့မိုက်ကယ် ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

Lion Battalion Commando စစ်ကြောင်းက ရဲဘော်စောဂျော့မိုက်ကယ် ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  20 April 2023 5:09 PM IST
  • Lion Battalion စစ်ကြောင်းက ဥူးကေသရ ခေါ် ရဲဘော်စောဂျော့မိုက်ကယ် ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

    အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဖို့ လှိုင်သာယာမြို့နယ်က ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဥူးကေသရ အဖြစ်ကနေ တော်လှန်ရေးရဲဘော်အဖြစ် ကူးပြောင်းခဲ့တဲ့ Lion Battalion Commando စစ်ကြောင်းက ရဲဘော် စောဂျော့မိုက်ကယ် စနိုက်ပါထိမှန်ပြီး ကျဆုံးသွားတယ် သတင်းအမှားတွေ ဧပြီလ ၁၆ ရက်နေ့ မနက်ပိုင်းက လူမှုကွန်ယက်ပေါ် စတင်ပြန်နှံ့လာခဲ့ပါတယ်။ ဒီသတင်းအမှားကို သတင်းဌာနတစ်ချို့ကလည်း သတင်းရေးသားထားကြသလို တစ်ချို့ဖေ့စ်ဘွတ်အသုံးပြုသူတွေက “ဥူးဇင်းဦးကေသရ ( ခေါ် ) ရဲဘော် စောဂျော့မိုက်ကယ် ကို တော်လှန်ရေးသမားအချင်းချင်း လုပ်ကြံ သတ်ဖြတ် ခံရသည်ဟု တော်လှန်ရေး မောင်နှမတွေဖော်ပြ” လို့ ရေးသားဖြန့်ဝေထားကြပါတယ်။ စစ်ကောင်စီ ထောက်ခံသူတွေဘက်ကလည်း မြဝတီကုန်သွယ်ရေးဇုန်ကို ခေါင်းဆောင်အဖြစ် ဝင်တိုက်ခဲ့တဲ့ စောဂျော့မိုက်ကယ် ကျဆုံးသွားကြောင်း ဝါဒဖြန့် ရေးသားမှုတွေ ရှိနေပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို သတင်းဌာနတစ်ချို့နဲ့ စစ်ကောင်စီကို ဆန့်ကျင်သူတွေရော၊ ထောက်ခံသူတွေဘက်ကပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    Lion Battalion Commando စစ်ကြောင်းက ဥူးကေသရ ခေါ် ရဲဘော်စောဂျော့မိုက်ကယ် စနိုက်ပါထိမှန်ပြီး ကျဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    စော‌ဂျော့မိုက်ကယ်ဟာ ကျဆုံးသွားခြင်း မရှိပါဘူး။ Lion Battalion Commando စစ်ကြောင်းက တော်လှန်ရေးသမားတစ်ဦးက Boom Myanmar ကို အတည်ပြုပေးသလို စောဂျော့မိုက်ကယ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကလည်း ကျဆုံးသွားခြင်း မရှိကြောင်း ၎င်းပိတ်မိနေစဉ် လာရောက် ကယ်တင်ပေးတဲ့ Lion Battalion Commando က ရဲဘော်တွေကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။ ၎င်းကို စနိုက်ပါနဲ့ ၃ ချက်အပိုင်ပစ်သော စစ်ကောင်စီတပ်က ရုရှားပြန် ဗိုလ်ကိုလည်း အသုံးမကျတဲ့သူဖြစ်ကြောင်း လှောင်ပြောင်ထားပါတယ်။

    စောဂျော့မိုက်ကယ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးထားတဲ့ အကြောင်းအရာတွေ ဒီနေရာ နဲ့ ဒီနေရာမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။





    Tags

    Fake newsPDFformer monkLion Battalion CommandoMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်းစနိုက်ပါ
    Read Full Article
    Claim :   ဥူးဇင်းဦးကေသရ ( ခေါ် ) ရဲဘော် စောဂျော့မိုက်ကယ်ကို တော်လှန်ရေး သမားအချင်းချင်း လုပ်ကြံသတ်ဖြတ် ခံရ
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!