BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း...
သတင်းအတု

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ဦးခင်ရီ အသတ်ခံရတယ်ဆိုတဲ့ သတင်းအတု

ဩဂုတ်လ ၁၉ ရက်နေ့မှာ ရာထူးက ဖယ်ရှားခြင်း ခံခဲ့ရတဲ့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ အသတ်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  31 Aug 2022 10:06 AM IST
  • လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ဦးခင်ရီ အသတ်ခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို New Update ဆိုတဲ့ Page က ဩဂုတ်လ ၂၄ ရက် နေ့ခင်း ၂ နာရီ ၅၅ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး ၁၃ မိနစ်နီးပါးကြာမြင့်တဲ့ Video တစ်ပုဒ် တင်ထားပါတယ်။ ၎င်း Video ကို ဖန်တီးရာမှာ သတင်းကြေညာတဲ့ပုံစံပြုလုပ်ထားပြီး သတင်းကြေညာသူရယ် ဦးခင်ရီရယ် စစ်ကောင်စီပြန်ကြားရေး က ဇော်မင်းထွန်းရဲ့ ဓါတ်ပုံရယ်ကို အသုံးပြုထားတယ်။ ဓါတ်ပုံပေါ်မှာ ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ဖြစ်လာသူ ဦးခင်ရီ အသတ်ခံရကာ၊ စစ်ကောင်စီပြန်ကြားရေးက သတင်းမထုတ်ပြန်ရဲဘူးလို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Facebook ပေါ်မှာ Like လုပ်ထားသူ ၁၆၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှုထားသူ ၃ သောင်းခွဲခန့် ရှိကာ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၇၀၀၀ နီးပါး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကြံခိုင်ရေးပါတီရဲ့ ဥက္ကဌသစ် ဖြစ်လာသူ ဦးသန်းဌေး အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားရဲ့ ခေါင်းစဉ်မှာ ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ဖြစ်လာသူ ဦးခင်ရီလို့ ရေးထားပေမယ့် ဦးခင်ရီဟာ သိပ်မကြာခင်ကာလက ရာထူးက အနားပေးခံထားရသူဖြစ်ပြီး ကြံခိုင်ရေးပါတီရဲ့ ဒုဥက္ကဌရာထူးမှာသာ ရှိပါတယ်။ ဒါ့အပြင် အသတ်ခံရခြင်းလည်း မရှိဘဲ စစ်ကောင်စီခေါင်းဆောင်ရဲ့ အာဏာသိမ်းမှုကို ထောက်ခံကူညီခဲ့တဲ့အတွက် အခွင့်အရေး အရဆုံးသူထဲပါဝင်ကာ ရာထူးက အဖြုတ်မခံရခင်ထိ နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပေါ်မှာ တက်နေ နေတယ်လို့ ဧရာဝတီသတင်းဌာနရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

    ဧရာဝတီ သတင်းဌာနက ဦးခင်ရီအကြောင်း ရေးသားထားတဲ့ ဆောင်းပါးကို ဒီနေရာမှာ ဖတ်ပါ။


    ဒါ့အပြင် သတင်းအမှားထဲမှာ ဦးခင်ရီ သတ်ခံရတာလို့ မပါဝင်သလို စစ်ခေါင်းဆောင် ပြန်ကြားရေးက သတင်းမထုတ်ပြန်ဘဲ ဖုံးထားတယ်ဆိုတာလည်း မပါဝင်ပါဘူး။ ၎င်း Video ထဲမှာတော့ "တပ်ထောက်ခံပွဲများ စီစဉ်သူ ဥက္ကဌသစ် ဖြစ်လာ ဆိုတဲ့သတင်း၊ ကနီမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း သေဆုံး ဆိုတဲ့သတင်း၊ ကန့်ဘလူတွင် စစ်ကောင်စီတပ်အကျများ လက်နက်များ ဆုံးရှုံးဆိုတဲ့သတင်း၊ မြဝတီမှာ စစ်ကောင်စီက ဝေဟင် ထိုးစစ်ဆင် ဆိုတဲ့သတင်း.." စတဲ့ သတင်းတွေသာ တင်ထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ လူအများဝင်ရောက် ကြည့်ရှု့အောင် လိမ်ညာရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေတပ်ထားကာ Click baits သတင်းတွေနဲ့ စီးပွားရှာနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    Fake newsImmigrationFormer ministerMilitaryCoupသတင်းအတုဦးခင်ရီ
    Read Full Article
    Claim :   လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်း ဦးခင်ရီ အသတ်ခံရ
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!