BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အဝေးပြေးယာဉ်တွေမှာ လူမဲ့ကုန်စည်တွေ...
သတင်းအတု

အဝေးပြေးယာဉ်တွေမှာ လူမဲ့ကုန်စည်တွေ လက်မခံတော့ဘူးဆိုတာ မဟုတ်ပါ

Express အဝေးပြေးကားတွေမှာ လူမဲ့ကုန်ပစ္စည်းတွေ လက်မခံတော့ဘူးဆိုတဲ့ ကောလဟာလတွေ လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  6 Aug 2022 12:53 PM IST
  • အဝေးပြေးယာဉ်တွေမှာ လူမဲ့ကုန်စည်တွေ လက်မခံတော့ဘူးဆိုတာ မဟုတ်ပါ

    ဒီကောလဟာလဟာ ဩဂုတ်လ ၄ ရက်နေ့ ညနေပိုင်းမှာ စတင်ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟု သတင်းထွက်ပေါ်နေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာထဲမှာ Online Shopping လုပ်သူတွေ အကုန် ဒုက္ခရောက်ကုန်ပြီဖြစ်ကြောင်း "Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟုသိရတဲ့အတွက် အောင်မင်္ဂလာတို့ အောင်ဆန်းကွင်းတို့ကနေ မြို့ကျော်နယ်ကျော်ပစ္စည်းတွေပို့ဆောင်လို့ရတော့မှာမဟုတ်ပါဘူး။ တရားဝင်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ Delivery Service များကိုသာ အားကိုးရတော့မှာဖြစ်ပါတယ်" ဆိုတာရေးသားထားပါတယ်။

    မူရင်းဖြန့်ဝေမှု အပြည့်အစုံကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို လူမှုကွန်ယက်ပေါ်မှာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ဖြန့်ဝေထားကြပြီး လူပေါင်း သိန်းချီအထိ ပျံ့နှံ့နေပါတယ်။

    သတင်းဆန်းစစ်ချက်

    Express ကားတွေမှာ လူမဲ့ကုန် လက်မခံတော့ဘူးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    စစ်ကောင်စီက အောင်ဆန်းကွင်းအနီးက ကုန်ပို့၊ ကုန်ထုတ်ဂိတ်တွေကို ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့ပြီးနောက် အခု ကောလဟာလ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ သတင်းအမှားထဲမှာ ပါသလို လူမဲ့ကုန် လက်မခံတော့တာ မဟုတ်ပါဘူး။ ဒဂုံဧရာ အဝေးပြေးနဲ့၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်တွေမှာတော့ ပိုဆောင်လို့ ရဆဲ ဖြစ်သလို လူမဲ့ကုန်တွေ လက်ခံဆဲဖြစ်ပါတယ်။

    အောင်ဆန်းကွင်းက ဂိတ်တွေ ပိတ်ဖို့ ညွှန်ကြားထားကြောင်း ဖော်ပြထားတဲ့ Eleven မီဒီယာက တင်ထားတဲ့ သတင်းထဲမှာလည်း အောင်ဆန်းကွင်းဂိတ်သာ ပိတ်ပြီး အောင်မင်္ဂလာ အဝေးပြေးမှာ လူမဲ့ကုန်တွေ ပို့လို့ရကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ Eleven မီဒီယာက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    အဝေးပြေးကားဝင်းထဲ ကားဆွဲနေတဲ့ အငှားယာဉ်မောင်းတစ်ဦးက "ပုသိမ်ဘက် ကားတွေကတော့ ပုံမှန်အတိုင်း ကုန်တွေ ပို့နေတာပဲ။ ယာဉ်လိုင်းတွေက ခရီးသည်နည်းရင် ထိုင်ခုံတွေပေါ်မှာ ကုန်တွေတင်ကြတယ်။ အခု ခုံတွေပေါ်တော့ မတင်ရဘူး လို့ ပြောသံတော့ ကြားတာပဲ။ ကားဝမ်းထဲတော့ တင်လို့ရတယ်။ အောင်မင်္ဂလာမှာဆို Elite တို့ဘာတို့က ခရီးသည်ပဲ လက်ခံတယ်။ အစောကြီးထဲက ကုန်မတင်ဘူး။ သူက အဆင့်မြင့် လေအိတ်ကားတွေ မို့လို့လေ။ ဘီးလင်းဘက်က လိုင်းတွေ၊ ရခိုင် ဘက်သွားတဲ့လိုင်းတွေကျတော့ ခရီးသည်ထက် ကုန်က ပိုများတာလေ။ ဦးလေးဆို ဒီမနက်ပဲ အောင်မင်္ဂလာမှာ အိမ်က သမီးရဲ့ အွန်လိုင်း Shopping ပစ္စည်း ပို့ပြီး ပြန်လာတာ။ လူတွေက ပို့မရဘူးဆိုတော့ လန့်ကုန်တာပေါ့။ တစ်ခုတော့ ရှိတာပေါ့။ အောင်ဆန်းကွင်းက ပို့မရတော့ရင် အောင်မင်္ဂလာထိ တကူးတက လာရတော့မှာပေါ့" လို့ Boom Myanmar ကို ပြောပါတယ်။

    အဝေးပြေးယာဉ်လိုင်းတစ်ချို့ကတော့ ဇန်နဝါရီလခန့်က လူမဲ့ကုန်တွေ ပို့ဆောင်မယ်ဆို ဖွင့်ဖောက်စစ်ဆေးတာ သို့မဟုတ် ၎င်းတို့ဂိတ်ရောက်မှ ထုပ်ပိုးမှု ပြုလုပ်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ လူမဲ့ကုန်လက်ခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    ဒါ့အပြင် နယူးမန္တလာထွန်း အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးကလည်း ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ လူမဲ့ကုန်၊ တန်ဆာများကို ပုံမှန်အတိုင်း ပေးပို့နိုင်တယ်လို့ ရေးသားထားပါတယ်။ ၎င်းတို့ထံမှာ Comment လာရောက် ရေးသားကာ မေးမြန်းသူတွေကိုလည်း ပုံမှန်အတိုင်း ပေးပို့နိုင်တယ်လို့ ဖြေကြားထားပါတယ်။ လူမဲ့ကုန်ပစ္စည်း ပုံမှန်ပို့ဆောင်နိုင်ကြောင်း နယူမန္တလာထွန်းက တင်ထားတဲ့ Facebook ပိုစ့်ကို ဒီနေရာမှာ ဖတ်ပါ။




    Tags

    Fake newsexpress carscargo servicesMilitaryCoupသတင်းအတုစစ်ကောင်စီလူမဲ့ကုန်ကုန်တင် ကုန်ပို့
    Read Full Article
    Claim :   Express ကားတွေမှာ လူမဲ့တန်ဆာ လက်မခံတော့ပါ။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!