BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘဏ်တွေမှာ ငွေလေးသောင်းကျပ်...
သတင်းအတု

ဘဏ်တွေမှာ ငွေလေးသောင်းကျပ် ထုတ်လို့ရမယ်ဆိုပြီးဖြန့်ချိတဲ့သတင်းအတု

ကိုရိုနာကပ်ဘေး ကာလမှာ ဆိုရှယ်မီဒီယာပေါ် သတင်းအမှားတွေ၊ နောက်ပြောင်ထားတဲ့ သတင်းအတုတွေ၊ နိုင်ငံရေးအမြတ်ထုတ်တဲ့ သတင်းအမှားတွေ၊ စီးပွားရေးအမြတ်ထုတ်ထားတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  8 Jun 2020 10:10 AM IST
  • ဘဏ်တွေမှာ ငွေလေးသောင်းကျပ် ထုတ်လို့ရမယ်ဆိုပြီးဖြန့်ချိတဲ့သတင်းအတု

    ဒီရက်ပိုင်းအတွင်းအမှာ နိုင်ငံသား မှတ်ပုံတင်ရှိတဲ့ သူတိုင်း နီးစပ်ရာ ဘဏ်မှာ ပိုက်ဆံ ၄၀၀၀၀ ထုတ်ယူလို့ ရနေပြီဆိုတဲ့ နောက်ပြောင်ထားတဲ့ သတင်းအမှား တစ်ပုဒ် ပြန့်နှံ့နေပါတယ်။ ဒီသတင်းကို ဖေ့စ်ဘွတ်ပေါ်မှာ နောက်ပြောင် ကျီစယ်ရာက စတင်ခဲ့တာဖြစ်ပြီး သတင်းအမှားတင်တဲ့ Website တွေမှာ တကယ် ငွေ ၄၀၀၀၀ ရရှိတော့မယ် ပုံစံဖြစ်အောင် သတင်းခေါင်းစဉ်တွေတပ်၊ ဘဏ်တွေ ATM စက်တွေမှာ ပိုက်ဆံထုတ်ယူနေတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ထားတာကို တွေ့ရပါတယ်။

    ဒီသတင်းကို ဇွန်လ ၂ ရက်နေ့မှာ Amara News ဆိုတဲ့ ဝက်ဆိုက်မှာ တင်ထားတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ သတင်းစုံဆိုတဲ့ Facebook Page နဲ့ Only Me ဆိုတဲ့ Facebook Page တွေမှာ ပြန်တင်ထားပါတယ်။ ဒီသတင်းရဲ့ အတွင်းမှာတော့ "နိုင်ငံသားမှတ်ပုံတင်ရှိသူတိုင်း နီးစပ်ရာ ဘဏ်မှာ မှတ်ပုံတင်ပြပြီး ပိုက်ဆံ ၄၀၀၀၀ ထုတ်ယူလို့ ရနေပါပြီ။ KBZ Yoma AGD CB MEB ဘယ်ဘဏ်မှာ ဖြစ်ဖြစ် ထုတ်လို့ရပါတယ်။ ရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းတွေ ဘာမှပြစရာ မလိုပါဘူး။ ကိုယ့်ဘဏ်စာအုပ်ထဲ ပိုက်ဆံ လေးသောင်းအထက် ရှိဖို့ပဲလိုပါတယ်" လို့ ရေးသားထားပါတယ်။

    ဒီသတင်းကို သတင်းစုံ နဲ့ Only Me ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ၃၀၀ နီးပါးက ထပ်ဆင့်မျှဝေထားကြပြီး တခြား သတင်းအမှားတင်လေ့ရှိတဲ့ Website တွေမှာလည်း တင်ထားတာကို တွေ့ရပါတယ်။


    သတင်းဆန်းစစ်ချက်

    နိုင်ငံသား မှတ်ပုံတင်ရှိတဲ့သူတိုင်း နီးစပ်ရာ ဘဏ်မှာ ပိုက်ဆံ ၄၀၀၀၀ ထုတ် ယူနိုင်ပြီဆိုတဲ့ သတင်းကို အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ ဖေ့စ်ဘွတ်ပေါ်မှာ နောက်ပြောင် ဖြန့်ဝေခဲ့တဲ့ သတင်း ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ပြီး ပြန်လည်ဖော်ပြထားတာကို တွေ့ရပါတယ်။

    ဒီသတင်းရဲ့ အစမှာ လူတိုင်း ငွေ ၄၀၀၀၀ ထုတ်ယူနိုင်ပြီလို့ ဖော်ပြထားပြီး နောက်ဆုံးမှာတော့ မိမိဘဏ် အကောင့်ထဲက ကိုယ့်ငွေကိုယ် ပြန်ထုတ်ဖို့ နောက်ပြောင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ သတင်းကို မျော်လင့်တကြီးနဲ့ ဝင်ရောက် ဖတ်ရှု့ခဲ့တဲ့ သူတွေကတော့ လူအများငွေကြေး ကျပ်တည်းနေချိန် နောက်ပြောင်သင့်တဲ့ အရာမဟုတ်ဘူးလို့ မှတ်ချက်ပေးသူ များစွာ ရှိနေပါတယ်။


    ဒီသတင်းရဲ့ မူလအစဟာ Aung Myo Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နောက်ပြောင်ဖို့ စတင်ရေးသားခဲ့တာ ဖြစ်ပြီး လူပေါင်းများစွာကလည်း ပြန်လည်ကူးယူ ဖော်ပြခဲ့ကြပါတယ်။ ဒီလို နောက်ပြောင်ရေးသားမှုတွေကို သတင်းအမှားတင်တဲ့ Website တွေက ၎င်းတို့ Website ကို ဝင်ရောက် ကြည့်ရှု့သူများအောင် ထင်ယောင်ထင်မှား ပြုလုပ်ပြီး ဖြန့်ဝေခြင်းသာ ဖြစ်ပါတယ်။

    ဒါ့ အပြင် အခုလို ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင် ဖြန့်ဝေခဲ့မှုကြောင့် သက်ကြီးပိုင်း ပင်စင်စား ဘိုးဘွားတွေ ဘဏ်တွေမှာ ငွေထုတ်ဖို့ သွားတာတွေ ရှိနေခဲ့တဲ့အတွက် ဒီလို ရေးသားမှုတွေ မပြုလုပ်ဖို့ ဝေဖန်နေသူတွေလည်း ရှိပါတယ်။



    Tags

    Fake Page40000 kyatsFunny Facebook PostCoronavirus
    Read Full Article
    Claim :   နိုင်ငံသား မှတ်ပုံတင်ရှိတဲ့သူတိုင်း နီးစပ်ရာ ဘဏ်မှာ ပိုက်ဆံ ၄၀၀၀၀ ထုတ် ယူနိုင်ပြီဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook, website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!