BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ရွေးကောက်ပွဲရလဒ်ကြောင့် EU...
      သတင်းအတု

      ရွေးကောက်ပွဲရလဒ်ကြောင့် EU ကထောက်ပံ့မှုရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းအတု

      ရွေးကောက်ပွဲ ရလဒ်အပေါ် ဥရောပသမဂ္ဂက ကျေနပ်မှု မရှိတဲ့အတွက် ထောက်ပံ့မှုတွေ ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  17 Nov 2020 7:40 PM IST
    • ရွေးကောက်ပွဲရလဒ်ကြောင့် EU ကထောက်ပံ့မှုရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို ရွေးကောက်ပွဲကာလတစ်လျှောက်လုံးမှာ သတင်းအမှားတွေ ဖြန့်ဝေခဲ့တဲ့ နေလ New Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အားရကျေနပ်ဖွယ်မရှိတဲ့အတွက် ထောက်ပံ့မှုတွေဆက်လက်ရပ်ဆိုင်းသွားမယ်လို့ EU ပြော" လို့ရေးသားထားပါတယ်။

      သတင်းရဲ့ အတွင်းပိုင်းမှာတော့ "ကျင်းပပြီးစီးသွားတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နဲ့ ထွက်လာတဲ့ ရလဒ်အဖြေတွေဟာ အားရကျေနပ်ဖွယ်တစ်စုံတစ်ခု မှမတွေ့ရတဲ့အတွက် အသိအမှတ်မပြုပါကြောင်းနှင့် ဒီမိုကရေစီ စံနုန်းတွေနဲ့ကိုက်ညီမှုမရိသေးတဲ့မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေကို ဆက်လက် ရပ်ဆိုင်းသွားမယ်လို့ ဥရောပသမဂ္ဂ EU လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ကြီးက ပြောကြား လိုက်ကြောင်း သိရသည် ။ ဥရောပသမဂ္ဂအဖွဲ EU ရဲ့လူ့အခွင့်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် ကူညီ ထောက်ပံ့ရေးအဖွဲ့ကြီးရဲ့ ကမ္ဘာ လုံးဆိုင်ရာ Covid 19 ရောဂါအခြေအနေနှင့်ကူညီထောက်ပံ့ပေးရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနှင့် Covid 19 စောင့်ကြည့်ရေးအခြေအနေတွေကိုထည့်သွင်းဆွေးနွေးသွားခဲ့ရာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများကိုလည်းကန့်သတ်ခဲ့ကြောင်းနှင့် ရရှိလာတဲ့ ရလဒ်တွေကလည်း ကျေနပ်အားရစရာမရှိတဲ့အတွက် မြန်မာအစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရအုံးမှာဖြစ်တဲ့အတွက် အထောက်အပံဆိုင်ရာအစီအစဥ်တွေကိုရပ်ဆိုင်းထား မယ်လို့ အဖွဲကြီးက တညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြောင်းသိရသည်" လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားမှုကို ဒီမှာ ကြည့်ပါ။

      သတင်းဆန်းစစ်ချက်

      နေလ New Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးထားတဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ် ကျေနပ်မှု မရှိတဲ့အတွက် ဥရောပသမဂ္ဂ က မြန်မာနိုင်ငံအပေါ် ထောက်ပံ့မှုတွေ ရပ်ဆိုင်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

      နိုဝင်ဘာလ ၉ ရက်နေ့မှာ EU ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ သဘောထား ထုတ်ပြန်ချက်ထဲမှာ နိုဝင်ဘာလ (၈) ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်တယ်ဖော်ပြထားပြီး ရွေးကောက်ပွဲ ရလဒ်တရားဝင် ထုတ်ပြန်တာကို စောင့်ဆိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။ ကိုရိုနာ ကပ်ရောဂါ ကာလမှာ မဲဆန္ဒရှင်ပြည်သူတွေ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းစွာ မဲပေးခွင့် ရခဲ့တဲ့အတွက်လည်း ချီးကျူးဂုဏ်ပြုလိုတယ်လို့ ရေးသားထားပါတယ်။

      အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးကို နိုင်ငံသားအခွင့်အရေးခံစားခွင့် ရရှိစေရန် အလေးထားဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပြီး ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံး ဆောလျှင်စွာ ကျင်းပပေးပေးတာကို စောင့်ဆိုင်းနေကြောင်းနဲ့ ရွေးကောက်ပွဲ ဥပဒေမူဘောင်တွေကို နိုင်ငံတကာ စံညွှန်းများနဲ့အညီ အကောင်းဆုံး မွမ်းမံပြင်ဆင်ဖို့ တိုက်တွန်းထားပြီး မြန်မာနိုင်ငံကို ဆက်လက်ပြီး အကူအညီပေးဖို့ အဆင်သင့် ရှိနေတယ်လို့ အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

      ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။



      Tags

      Fake newsEUsupportingElection Myanmar 2020ရွေးကောက်ပွဲရလဒ်ထောက်ပံ့မှုရပ်ဆိုင်းသတင်းအတု
      Read Full Article
      Claim :   နေလ New Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးထားတဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ် ကျေနပ်မှု မရှိတဲ့အတွက် ဥရောပသမဂ္ဂ က မြန်မာနိုင်ငံအပေါ် ထောက်ပံ့မှုတွေ ရပ်ဆိုင်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!