BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ‌နေပြည်တော်ကို EU နဲ့ ICC အဖွဲ့တွေ...
သတင်းအတု

‌နေပြည်တော်ကို EU နဲ့ ICC အဖွဲ့တွေ ရောက်နေပြီဆိုတဲ့ သတင်းအတု

‌နေပြည်တော်ကို EU နဲ့ ICC အဖွဲ့တွေ ရောက်နေပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Feb 2025 7:03 PM IST
  • ‌နေပြည်တော်ကို EU နဲ့ ICC အဖွဲ့တွေ ရောက်နေပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နဲ့ တစ်ခြားသူတွေပါဝင်တဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ချက်ချင်းဖမ်းဖို့၊ EU နဲ့ ICC အဖွဲ့နေပြည်တော်ရောက်လို့ မအလနဲ့ ဗိုလ်ချုပ်တွေ ပွက်လောရိုက်ကုန်ပြီ။ BBC အတည်ပြုလို့ ပျော်လွန်းလို့ ထခုန်မိတယ်” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ‌နေပြည်တော်ကို EU နဲ့ ICC အဖွဲ့တွေ ရောက်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီကို အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပေမယ့် မည်သည့်အဖွဲ့မှာမြန်မာနိုင်ငံအတွင်း ဝင်ရောက်လာခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Read Full Article
    Claim :   ‌နေပြည်တော်ကို EU နဲ့ ICC အဖွဲ့တွေ ရောက်နေပြီ
    Claimed By :  fcaebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!