BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ...
      သတင်းအတု

      တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အလံဖြူပြတယ်လို့ ရေးသားဖြန့်ဝေတဲ့ သတင်းအတု

      စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အလံဖြူပြသွားပြီဆိုပြီးရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာအမြောက်အများလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar | 14 Feb 2022 11:58 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အလံဖြူပြတယ်လို့ ရေးသားဖြန့်ဝေတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို ဇန်နဝါရီလ ၂၇ ရက်နေ့ခန့်ကနေ ဒီကနေ့အထိ ဖြန့်ဝေနေကြတာဖြစ်ပြီး အဲ့ဒီသတင်းအမှားထဲမှာ "KNU လည်းငြိမ်သွားပြီ။ KNPP လည်းငြိမ်သွားပြီ။ CNF လည်းငြိမ်သွားပြီ။ KIA ကတော့ အလံဖြူပြသွားပြီ။ KIA အလံဖြူပြသွားတော့ ဘယ်သူတွေ ကျန်သလဲ? သေမထူး ၊ နေမထူးဆိုတဲ့ အညာသားတွေပဲကျန်တယ်" (မူရင်းရေးသားထားသည့်အတိုင်း) စသည်ဖြင့်ရေးသားထားပြီး လ ရန်ကုန်က သူတွေက အကင်းပါးတဲ့အတွက် လက်နက်တွေ စွန့်ပစ်ခဲ့ကြောင်း၊ အကင်းမပါးတဲ့ အညာဘက်က သူတွေက ဓါးပြတိုက်ကာ စားသောက်နေရကြောင်း မကွေးနဲ့ စစ်ကိုင်းက PDF တွေက သေမထူး၊ နေမထူးဖြစ်နေလို့ ဆက်တိုက်နေရကြောင်း စတဲ့ထင်မြင်ယူဆချက်တွေကို ရေးသားထားကာ ၎င်းအကြောင်းအရာကို မူရင်းရေးသားသူအဖြစ် စစ်သွေးသစ္စာ လို့ ဖော်ပြထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ထောင်ချီရှိနေပြီး ထပ်ဆင့်ဝေမျှထားသူ များစွာရှိကာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေ အလံဖြူပြသွားပြီဆိုတဲ့အခြေအနေမျိုးဟာအထောက်အထားမဲ့ ပြောဆိုရေးသားထားတဲ့အကြောင်းအရာဖြစ်ပြီး လုံး၀မှားယွင်းနေပါတယ်။

      လက်ရှိကာလမှာ အထက်ပါပို့စ်ထဲမှာပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အလံဖြူပြတယ် သို့တည်းမဟုတ် စစ်ရေးအခြေအနေအရနောက်ဆုတ်တယ်ဆိုတဲ့ သတင်းတွေနဲ့၊ ဖြစ်ရပ်တွေဒီကာလထဲထွက်ပေါ်ထားခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကပဲ စစ်ကောင်စီရဲ့ ဗိုလ်ရှု့သဘင် အခမ်းအနားကို တက်ရောက်ဖို့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စစ်ကောင်စီဖက်က KNU ကို ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်နိုင်ခြင်း မရှိတဲ့အပြင် KNU အနေနဲ့သေနတ်မောင်းတင် ထားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ KNU က တုန့်ပြန်ချက်ကို ရေးသားထားတဲ့ Myanmar Now သတင်းကို ဒီ Link မှာ ဖတ်ပါ။

      ဒါ့အပြင် KNU တပ်မဟာ ၆ ဒူးပလာယာဥက္ကဋ္ဌဟောင်း ပဒိုရွှေမောင်းက အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့ပေမယ့် ဒီလိုတက်ရောက်ခဲ့ခြင်းဟာ KNU ကစေလွှတ်တဲ့ ကိုယ်စားလှယ် အဖြစ်တက်ရောက်ခြင်းမဟုတ်ကြောင်း၊ ဥက္ကဌရာထူးက နုတ်ထွက်ထားပြီး ၎င်းတစ်ဦးထဲရဲ့ ဆန္ဒအရသာ သွားခဲ့ခြင်းဖြစ်ကြောင်း KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Salween Press သတင်းဌာနကို ပြောကြားထားပါတယ်။ Salween Press သတင်းဌာက ဖော်ပြထားတဲ့ သတင်းကို ဒီ Link မှာဖတ်ပါ။

      အလားတူပဲ KIA ၊ KNPP နဲ့ CNF တို့ကလည်း အပစ်အခတ်ရပ်သွားခြင်း မရှိသလို အလံဖြူပြတယ်ဆိုတဲ့အခြေအနေလည်းမရှိသေးပါဘူး။ တိုင်းရင်းသားဒေသတွေမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

      သတင်းအမှားဖြန့်သူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      Tags

      Fake newsEAOsEROsethnic revolution groupsKIAKNUwhite flagsSurrenderCoupMilitaryသတင်းအတုအလံဖြူပြKNPPCNF
      Read Full Article
      Claim :   စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ KNU ၊ KNPP နဲ့ CNF တို့ ငြိမ်သွားပြီး KIA ကအလံဖြူပြသွား
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!